Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက အဝယ်နည်းခြင်းကြောင့် ပြည်တွင်းပဲဈေးကျဆင်း

မြန်မာနိုင်ငံမှ ပဲကို အိန္ဒိယက အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများ

ကျဆင်းနေသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိသည်။

 

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံဈေး နှုန်းကျဆင်းနေမှုကြောင့် တောင်သူများကို ပဲစိုက်ပျိုးမှုပမာဏ လျှော့ချပြီး ၎င်းတို့အစိုးရက ဈေးနှုန်းထိန်းညှိနိုင်ရန် ကြိုးစားနေသည်။ အိန္ဒိယအစိုးရက ဈေးနှုန်း ထိန်းညှိရန် ဆောင်ရွက်ချက်သည် မြန်မာနိုင်ငံမှ ပဲဈေးနှုန်းကောင်း မွန်လာနိုင်သည့် အခွင့်အရေးရှိ သော်လည်း လက်ရှိတွင် ဝယ်လို အားနည်းခြင်းကြောင့် ဈေးနှုန်း မတည်ငြိမ်ဖြစ်နေသည့် အခြေအနေမျိုး ကြုံတွေ့နေရသည်ဟု အထက်ပါအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

‘‘အိန္ဒိယအစိုးရက ဈေးထိန်းဖို့ လုပ်နေတာက ကျွန်တော်တို့အ တွက် ကောင်းတဲ့အချက်ပဲ။ လက်ရှိဈေးနှုန်းအခြေအနေက သူတို့ လယ်သမားတွေလည်း မခံနိုင်တော့ဘူး’’ဟု ဦးမင်းကိုဦးက ပြောကြားသည်။

 

အိန္ဒိယအစိုးရက ကုန်သည်များ ဈေးကစားနိုင်မည့် ပဲသို လှောင်မှုကန့်သတ်ချက်ကို ယခု ရက်ပိုင်းတွင် ပယ်ဖျက်လိုက်သော်လည်း အိန္ဒိယသို့ ပဲတင်သွင်းသည့် ကုန်သည်များ ငွေကြေးလည်ပတ်မှု အခက်အခဲကြောင့် မြန်မာနိုင်ငံမှ ပဲအဝယ် အနည်းငယ်သာရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦး က ပြောသည်။

 

ထို့အပြင် ဇွန်လဆန်းက အိန္ဒိယနိုင်ငံသို့ မုတ်သုံမိုးအဝင် ပုံမှန်ရှိမည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထား၍ ပဲအဝယ်ရပ်နား ထားသော်လည်း လလယ်ပိုင်း တွင် မတ်ပဲအဝယ် အနည်းငယ် ပြန်ရှိလာကြောင်း ၎င်းကဆို  သည်။

 

လက်ရှိ ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သိန်းရှစ်သောင်းခန့်ရှိနေပြီး ပဲစင်း ငုံတစ်တန်လျှင် ကျပ်ခြောက်သိန်း သုံးသောင်းခွဲခန့် ဈေးရှိသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:31
Rate this item
(1 Vote)