Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပျားဖယောင်းများ ဈေးကောင်းရ၍ ပျားရည် ထုန်လုပ်ရောင်းချသူများ အပိုဝင်ငွေရ

မြန်မာ့ပျားဖယောင်းကို ယခုအခါ တရုတ်နိုင်ငံက ရလောက်ဝယ်ယူနေခြင်းကြောင်း ဈေးကောင်း

များရရှိကာ သဘာဝသစ်တောများထဲရှိ ပျားအုံများမှ ပျားရည်ထုတ်လုပ်ရောင်းချသူများအနေဖြင့် ပျားသလက်များမှတစ်ဆင့် ပျားဖယောင်းများထုတ်လုပ်ကာ အပိုဝင်ငွေရရှိလျက်ရှိသည်။

 

ပြည်တွင်း၌ ပျားဖယောင်းထုတ်လုပ်ရာတွင် သဘာဝပျားအုံများမှ ထုတ်လုပ်သော ပျားဖယောင်းနှင့် ပျားမွေးမြူရေးများမှထုတ်လုပ်သော ပျားဖယောင်းဟူ၍ နှစ်မျိုးရှိပြီး၊ ယခု လက်ရှိသဘာ၀ ပျားအုံများမှ ထုတ်လုပ်သော ပျားဖယောင်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းနှင့် ပျားမွေးမြူရေးမှထုတ်လုပ်သော ပျားဖယောင်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်းပေါက်ဈေးရှိကြောင်း သိရသည်။

 

"အခုအချိန်က ပျားရည်ထုတ်လုပ်တဲ့ ရာသီဖြစ်သလို နိုင်ငံတစ်ဝန်းမှာရှိတဲ့ သစ်တောတွေထဲက သစ်ပင်တွေ၊ စိုက်ခင်းတွေမှာ ပျားအုံတွေဆောက်နေတဲ့ ရာသီလည်းဖြစ်ပါတယ်။ အခု ၂၀၂၂ ခုနှစ်ကတော့ ပျားဖယောင်းတင်ပို့လို့ရတဲ့ ပြည်ပဈေးကွက်ပေါ်လာတဲ့ ထူးခြားတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ပျားအုံကနေ ပျားရည်ထုတ်လုပ်မှုတင်မကဘူး။ ပျားသလက်ကနေ ပျားဖယောင်း ထုတ်လုပ်ပြီးတော့ ပြည်ပဈေးကွက်တွေနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ တရုတ်နိုင်ငံက စတင်ဝယ်ယူပြီးတော့ ပြည်ပဈေးကွက်တစ်ခု ပေါ်ပေါက်လာပါတယ်" ဟုမန္တလေးမြို့မှ ပွဲရုံပိုင်ရှင်က ပြောသည်။

 

ယခင်က ပျားဖယောင်းကို ပြည်တွင်း၌သာသုံးစွဲလေ့ရှိပြီး မြန်မာတိုင်းရင်းဆေးများနှင့် လူသုံးကုန်ပစ္စည်းအချို့ ထုတ်လုပ်ရာတွင် ပျားဖယောင်းကို ထည့်သွင်းအသုံးပြုလေ့ရှိကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ပျားဖယောင်းများကို ယခင်နှစ်များက တရုတ်နိုင်ငံက ဝယ်ယူခြင်းမရှိဘဲ ယခုနှစ်မှ စတင်ကာ ရသလောက်ဝယ်ယူနေခြင်းကြောင့် ပျားရည်သာမက ပျားဖယောင်းပါ နိုင်ငံခြားဈေးကွက်ဝင်လာပြီဖြစ်ကြောင်း သိရသည်။

 

ထို့အတွက်ကြောင့် ယခင်ကပြည်တွင်း၌ ပျားအုံများမှ ပျားရည်ထုတ်လုပ်ပြီးကျန်ရှိသော ပျားသလက်များကို ပျားဖယောင်းများ ထုတ်လုပ်သုံးစွဲမှု နည်းပါးခဲ့သော်လည်း ယခုအခါအရည်ကျိုချက်ပြီး အရည်အသွေးကောင်းမွန်သော ပျားဖယောင်းများအဖြစ် ပြည်ပဈေးကွက်သို့ တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။

 

Source:MDN

Myanmar Food Industry Guide

Read times Last modified on Tuesday, 08 November 2022 10:37
Rate this item
(0 votes)