Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ နှမ်းတန်ချိန် ၂ သိန်းကျော် တင်ပို့ရောင်းချမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကျော်တန်ဖိုးရှိ နှမ်းတန်ချိန် ၂၂၀,၀၀၀ တင်ပို့ရောင်းချမည်

ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ သတင်းများအရ သိရသည်။

 

နှမ်းသည် မြန်မာ့ပြည်ပပို့ကုန်များတွင် အားထားရသည့် ပြည်ပပို့ကုန်တစ်ခုဖြစ်ပြီး တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်၊ ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်၊ နယ်သာလန်၊ မလေးရှားနှင့် ယူအေအီး စသည့် နိုင်ငံများသို့ အဓိက တင်ပို့ရောင်းချပေးလျက် ရှိသည်။

 

မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပြီး မကွေးတိုင်းဒေသ ကြီး အောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေး အလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံတွင် စျေးကွက်ခိုင်မာစွာ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Phyo Eain Si

Click Here >>> Phyo Eain Si

မြန်မာနိုင်ငံမှ ထွက်ရှိသည့် နှမ်းသည် ဖုန်၊ သဲနှင့် အရောအနှော ကင်းရုံမျှမက ပိုးသတ်ဆေး ဓာတ်ကြွင်းနည်းပါး သည့်အပြင် အရည်အသွေးကောင်းမွန်မှု ထိပ်တန်းအဆင့်တွင် ရှိနေသဖြင့် ဖောက်သည်စျေးကွက် နိုင်ငံများ၏ ဝယ်ယူလိုအားရှိနေကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည် နှမ်းများသည် နိုင်ငံတကာ နှမ်းစျေးကွက်တွင် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှာ ၁,၀၀၀ ထိ ရှိနေသဖြင့် နှစ်စဉ် ပြည်ပတင်ပို့မှု ရှိနေကြောင်း သိရသည်။

 

လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိ နှမ်းတန်ချိန် ၂၂၀,၀၀၀ ထိ တင်ပို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ၂၀၂၃ ခုနှစ်

- ဧပြီလမှ ဇွန်လထိ ဘဏ္ဍာနှစ်၏ ပထမသုံးလတာ ကာလအတွင်းတွင် နှမ်းတန်ချိန် ၅၅,၀၀၀

- ဇူလိုင်လမှ စက်တင်ဘာလထိ ဘဏ္ဍာနှစ်၏ ဒုတိယသုံးလတွင် နှမ်းတန်ချိန် ၅၅,၀၀၀

- အောက်တိုဘာလမှ ဒီဇင်ဘာလထိ ဘဏ္ဍာနှစ်၏ တတိယသုံးလတွင် နှမ်းတန်ချိန် ၅၅,၀၀၀နှင့် 

- ဘဏ္ဍာနှစ်၏ နောက်ဆုံးသုံးလဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လထိကာလ အတွင်းတွင် နှမ်းတန်ချိန် ၅၅,၀၀၀ စုစုပေါင်း နှမ်းတန်ချိန် ၂၂၀,၀၀၀ တင်ပို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပဖောက်သည် စျေးကွက်နိုင်ငံများသို့ နှမ်းတင်ပို့ရောင်းချပေးရာတွင် နှမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ ရရှိရန် ခန့်မှန်းထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ၏ သတင်းများအရ သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmar Food Industry Guide

Read times Last modified on Thursday, 16 February 2023 15:43
Rate this item
(0 votes)