Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်ကုန်သွယ်‌ရေး မြေပဲနှင့် နှမ်း ပြန်လည်တင်ပို့ခွင့်ပြု

နယ်စပ်ကုန်သွယ်‌ရေး မြေပဲနှင့် နှမ်း ပြန်လည်တင်ပို့ခွင့်ပြု

 

ကုန်သွယ်ရေးစခန်းများနှင့်ပို့ကုန်သွင်းကုန်ရုံးများမှ ပို့ကုန်တင်ပို့ခွင့်ပြုလျက်ရှိသည့် လယ်ယာ ထွက်ကုန်ပစ္စည်း ဆီထွက်သီးနှံ(နှမ်းနက်)မှအပ (မြေပဲနှင့် နှမ်း) တို့ကို တင်ပို့မှုခေတ္တဆိုင်းငံ့ရန် ညွှန်ကြားထားခဲ့ပြီး  ယခုအခါ ပြည်ပစားသုံးဆီဈေးကွက်တွင်  စားသုံးဆီ အဓိကတင်ပို့နိုင်ငံများမှ ပုံမှန်ပြန်လည်တင်ပို့နေပြီ ဖြစ်သဖြင့် ပြည်တွင်းဆီထွက်သီးနှံနှင့် စားသုံးဆီများ ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပါသည်။

 ပို့ကုန် ဈေးနှုန်းသတ်မှတ်နှုန်းထားများကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုသတ်မှတ်သည့် နှုန်းထားနှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လယ်ယာထွက်ကုန်ပစ္စည်း ဆီထွက်သီးနှံ(မြေပဲနှင့် နှမ်း) တို့ကို လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ အကောက်ခွန်ဦးစီးဌာနသို့ အသိပေးအကြောင်းကြားထားကြောင်း သိရပါသည်။ 

#MyanmarFoodGuide

Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)