Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ ဝက်သားပေါက်နှင့် ဝက်သားထွက်ပစ္စည်းတင်သွင်းမှု ယာယီရပ်ဆိုင်းထား

တရုတ်နိုင်ငံမှ ဝက်သား ပေါက်၊ အေးခဲဝက်သားနှင့် အေးခဲဝက်သားပြားများ တင်သွင်းခြင်း ယာယီ ရပ်ဆိုင်းထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ ကြောင်း သိရသဖြင့် တင်သွင်းခွင့် ယာယီရပ်ဆိုင်းရန် နိုဝင်ဘာ ၂၂ ရက်က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စီမံ ခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိ နှိုင်း အစည်းအဝေး လမ်းညွှန်ချက်အရ ယာယီရပ်ဆိုင်းခြင်းဖြစ် ကြောင်း ကြေညာချက်တွင် ဖော် ပြထားသည်။

 

တရုတ်နိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေးရောဂါသည် သြ ဂုတ်လဆန်းက စတင်၍ ကူးစက် မှုများပြီး စက်တင်ဘာ ၁ ရက်အထိ ဝက်အကောင်ရေလေးသောင်း ခန့် သုတ်သင်ရှင်းလင်းခဲ့သည်။ အာဖရိကဝက်တုပ်ကွေးသည် အခြားနိုင်ငံများကိုလည်း ကူးစက်နိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က အသိပေးထားသည်။

 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေ သော အာဖရိက ဝက်တုပ်ကွေး ရောဂါ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့ ဝင်ရောက်မှုမရှိစေရေး နယ်စပ် ဒေသများ၌ ရောဂါထောက်လှမ်း မှုများ ကြိုတင်ဆောင်ရွက်နေ ကြောင်း တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲထွန်းဝင်းက မီဒီယာများအား ပြောကြားထား သည်။

 

မြန်မာနိုင်ငံသည် ပြည်ပမှ ဝက်သားပေါက်များ တင်သွင်း ရာတွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းကြောင်း ဝက်မွေးမြူရေး လုပ်ငန်းရှင် ဦးလှိုင် မြင့်ဦးက ပြောသည်။

 

တရုတ်နိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေးရောဂါကြောင့် ဘရာဇီးအပါအဝင် ပြည်ပမှ ပဲပုပ်တင်သွင်းမှု လျော့ကျခဲ့ကြောင်း တရုတ်နိုင်ငံရှိ မီဒီယာအချို့က ဖော်ပြသည်။

 

Source: 7 days news

Read times
Rate this item
(1 Vote)