Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သခွားမွှေး ရာသီကုန်ချိန်အထိ ၀ယ်လိုအားများနေ

 မြန်မာနိုင်ငံတွင် သခွား မွှေးစိုက်သူနည်းပြီး ၀ယ်လိုအား များပြားနေသဖြင့် ရာသီကုန်ဆုံးချိန်အထိ

ဈေးကောင်းရနိုင် ကြောင်း ဖရဲသခွား အစုအဖွဲ့ ဥက္ကဋ္ဌဦးနိုင်ဝင်းကပြောသည်။

 

သခွားမွှေးရာသီချိန်အစဖြစ် သော ပြီးခဲ့သည့်နှစ်နိုဝင်ဘာက ပင် ဈေးကောင်းရရှိခဲ့ပြီး ရာသီ ကုန်ဆုံးချိန်ဖြစ်သည့် ယခုနှစ်မေ လဆန်းအထိ ဈေးကောင်းရ နိုင်ကြောင်း ၎င်းကဆိုသည်။

 

‘‘ဒီနှစ်က ဈေးကောင်းရ တယ်ပြောလို့ရမယ်။ အရင်နှစ်က တစ်တန်ကို အများဆုံးတရုတ်ငွေ ယွမ်လေးထောင်(ကျပ်ရှစ်သိန်းခွဲ နီးပါး) ပဲရတယ်။ စိုက်တဲ့သူက လည်း နည်းတယ်။ စိုက်စရိတ်က လည်း များတော့လူတိုင်းမစိုက်နိုင် ကြဘူး။ ဖရဲသီးက လူတိုင်းစိုက် တတ်ကြတယ်။ သခွားမွှေးက လူ တိုင်းမစိုက်တတ်ကြဘူး’’ ဟု ဦး နိုင်ဝင်းကပြောသည်။

 

သခွားမွှေး အရည်အသွေး ပေါ်မူတည်၍ တစ်တန်လျှင် ကျပ် ခြောက်သိန်းကျော်မှ ဆယ့်တစ် သိန်းခွဲခန့်ထိ ပေါက်ဈေးရှိပြီး တ ရုတ်နိုင်ငံသို့အဓိကတင်ပို့ရောင်း ချကြောင်း ၎င်းကပြောသည်။

 

သခွားမွှေးစိုက်ပျိုးပါကတစ် ဧကလျှင် စိုက်စရိတ်ကျပ်သိန်း ၅၀ ခန့်ကုန်ကျသဖြင့် တစ် နိုင်ငံလုံးတွင် စိုက်ပျိုးသူနှစ်ရာမှ သုံးရာအတွင်းသာရှိကြောင်း ဦး နိုင်ဝင်းက ပြောသည်။

 

ဖရဲသီး ၁၇ တန်ဆံ့ကုန်တင် ကားအစီးရေ ၄၅၀ မှ ၅၀၀ ကြား တရုတ်နိုင်ငံသို့ နေ့စဉ်ဝင်ရောက် နေသော်လည်း သခွားမွှေးသည် တစ်နေ့လျှင်အစီးရေ ၂၀၀ ခန့် သာဝင်ကြောင်း ၎င်းက ပြော သည်။

 

မြန်မာနိုင်ငံတွင် သခွားမွှေး စိုက်ဧကစုစုပေါင်း နှစ်သောင်းခွဲ ခန့်ရှိပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်း ၌ အများဆုံးစိုက်ပျိုးကြောင်း ဦး နိုင်ဝင်းကပြောသည်။

 

‘‘ဒီနှစ်က ဈေးလည်းငြိမ် တယ်။ ဈေးကောင်းလည်းရ တယ်။ အရည်အသွေးကောင်းရင် ဈေးကောင်းပိုရတယ်။ အရင်နှစ် ကဆိုရင် တက်လိုက်၊ကျလိုက်ဖြစ် နေတာ။ ဒီနှစ်ကတောင်သူတွေ လည်း တော်တော်အဆင်ပြေကြ တယ်’’ ဟု သခွားမွှေး ၁၅ ဧကခန့် စိုက်သည့်တောင်သူဦးစိုးလွင်က ပြောသည်။

 

သခွားမွှေးကို စက်တင်ဘာ ကစတင်၍ ဖေဖော်ဝါရီအထိ စိုက်ပျိုးပြီး စစိုက်သည့်လမှ သုံး လအကြာတွင် အသီးဆွတ်ခူးကာ ရောင်းချနိုင်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:29
Rate this item
(1 Vote)