Food & Livestock



ဗီယက်နမ် စပါးဈေး မြင့်တက်၊ လယ်သမားများ အမြတ် ၂ ဆရ

ဗီယက်နမ် စပါးဈေး မြင့်တက်၊ လယ်သမားများ အမြတ် ၂ ဆရ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

အောက်တိုဘာလ ၁၈ ရက်တွင် ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ပြည်ပတင်ပို့သည့် ခေါ်ဈေး တတန်လျှင် $623 သို့ ရောက်ရှိသွားသည်။

ထိုင်းဆန် ဈေးနှုန်းထက် ၇% ပိုများသည်။

ပါကစ္စတန်ဆန် ဈေးနှုန်းထက် ၁၀.၇% ပိုများသည်။

 

ပြည်တွင်း စပါးဈေးနှုန်းများလည်း စံချိန်တင် မြင့်တက်သည်။ မကြုံစဖူးအဆင့်အထိ မြင့်တက်နေပါသည်။

ဂျပန်စပါး J02 သည် တကီလိုဂရမ် ဒေါင် ၁၄,၀၀၀၊ Khang Dan စပါး ဒေါင် ၉,၀၀၀ သို့ ရောက်ရှိလာသည်။  

ရာသီကုန်ခါနီးတွင် ရောင်းစရာ စပါးလက်ကျန် နည်းလာနေချိန်တွင် ကုန်သည်များက အင်တိုက်အားတိုက်  ဝယ်ယူနေခြင်းကြောင့် စပါးဈေး ကြီးမြင့်သွားခြင်း ဖြစ်သည်။

 

လယ်သမားများသည် ယမန်နှစ်ကထက် နှစ်ဆ အမြတ်ရကြသည်။

 

ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီ Ngoc Quang Phat ၏ စီအီးအို Huynh Thi Bich Huyen က  တစ်ရက်လျှင် စပါးတန်ချိန် ရာဂဏန်းသာ ဝယ်ယူနိုင်သည်ဟု ဆိုသည်။ ယခင်လ၏ သုံးပုံတပုံသာ ဝယ်လို့ရသည်ဟု သူမက ပြောကြားသည်။

 

ပို့ကုန်ဆန်ဈေးနှုန်းများ မြင့်တက်သဖြင့် ပို့ကုန်ဆန် ဝင်ငွေလည်း မြင့်တက်သည်။ ယခုနှစ် ပထမ ၉ လတွင် ပို့ကုန်ဆန် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၃.၆၆ ဘီလီယံ ရရှိခဲ့သည်။ ယမန်နှစ် ပထမ ၉ လထက် ၄၀.၄% ပိုများသည်။

ယခုနှစ်တွင် လက်ရှိဆန်ဈေးနှုန်းများ အခြေအနေအရ ပို့ကုန်ဆန် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၄ သန်းအထိ ရရှိမည်ဟု ခန့်မှန်းထားသည်။

 

ပထမကိုးလအတွင်း ပို့ကုန်ဆန် ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၅၅၃ ကန်ဒေါ်လာ ဖြစ်ပါသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 21 October 2023 00:42
Rate this item
(0 votes)