Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခါလွန်မိုးကြောင့် ကြက်သွန်နီဈေး ထပ်တက်နိုင်ဟုဆို

ကြက်သွန်နီအသစ်များ ဈေးကွက်တွင်း ဝင်ရောက်ရမည့် ကာလဖြစ်သော်လည်း ကြက်သွန်စိုက်ပျိုးရာ

ဒေသများတွင် နိုဝင်ဘာအတွင်း မိုးရွာမှုကြောင့်ဘုရင့်နောင်ဈေးကွက်သို့ ကြက်သွန်အဝင်နည်းနေပြီး ဈေးထပ်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောသည်။

 

နိုဝင်ဘာ တတိယပတ်အတွင်းက ကြက်သွန်နီစိုက်ပျိုးသည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ် ကိုင်းတိုင်းတို့တွင် မိုးအတန်ငယ် ရွာသွန်းပြီး ကြက်သွန်နီတူးရာ တွင် ကြန့်ကြာနေကြောင်း ၎င်းက ပြောသည်။

 

‘‘ကြက်သွန်ခင်းရှိတဲ့ ဘက် တွေမှာ မိုးရွာလို့ ဘုရင့်နောင်ကို ကြက်သွန်ကားအစီးရေ အဝင် နည်းတယ်။ ဈေးထပ်တက်ဖို့ရှိ တယ်။ ရာသီဥတုကြောင့် ဖြစ်နေ တာ။ မိုးရွာတော့ ကြက်သွန်နီတွေ တူးမရဘူးဖြစ်နေတာ။ ကြက်သွန်နီဥကြီးဆိုရင် တစ် ဆယ်သား ၃၀၀ နားကပ်သွားနိုင် လောက်တယ်’’ဟု ဦးခင်ဟန်က ဆိုသည်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နိုဝင်ဘာ ၂၈ ရက်က ကြက်သွန် နီသယ်သည့် ကုန်တင်ကား ဆယ် စီးခန့်သာ ဝင်ရောက်ပြီး တစ်စီး လျှင် ကြက်သွန်နီပိဿာ ၇,၀၀၀ ခန့် ပါဝင်ကြောင်း ၎င်းက ဆို သည်။

 

ယခင်နှစ် ကြက်သွန်နီ အသစ်ပေါ်ချိန်တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ကုန် တင်ကား တစ်ရက်လျှင် အစီး၃၀ ခန့် ပုံမှန်ဝင်ကြောင်း ဦးခင်ဟန် က ပြောသည်။

 

ကြက်သွန်နီ ဒိုင်များတွင် နိုဝင်ဘာလဆန်းက ကြက်သွန်နီ ဈေး တစ်ပိဿာ ကျပ် ၁,၆၀၀ မှ ၂,၂၇၅ ကျပ်အထိ ဈေးရှိသော် လည်း နောက်ပိုင်းတွင်ကျပ်၂,၀၀၀  မှ ကျပ်၂,၇၅၀ ဈေးရှိခဲ့သည်။

 

‘‘ကြက်သွန်နီကို ခုတောင် တော်တော်လေး လျှော့သုံးဖြစ် လာတယ်။ အသုပ်စားမယ့်နေရာ မှာလည်း ဂေါ်ဖီပဲ သုံးတော့တယ်။ ဟင်းဆိုရင်လည်း ကြက်သွန်နီ အစား ခရမ်းချဉ်သီးလေး နည်း နည်းပိုထည့်လိုက်တယ်။ ဈေး ထပ်တက်ရင်တော့ ဒီထက်လျှော့ စားဖို့ပဲ ရှိတော့တယ်’’ဟု ကမာ ရွတ်မြို့နယ်နေ အိမ်ရှင်မ  ဒေါ်မိုမိုက ပြောသည်။

 

ဈေးတက်လာသောကြောင့် လက်လီဈေးကွက်တွင် အဝယ် အေးသဖြင့် နိုဝင်ဘာလဆန်း ကစ၍ အမြင့်ဈေး၌ ငြိမ်နေ ကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်၏ ဈေးစာရင်းများတွင် ဖော်ပြ ထားသည်။

 

လက်လီ ဈေးကွက်တွင် ကြက်သွန်နီအရွယ်အစားပေါ်မူ တည်၍ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀မှ ၃,၅၀၀ ခန့် ရှိနေသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:46
Rate this item
(0 votes)