Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြဝတီနယ်စပ်မှ သကြားတင်သွင်းမှု လိုင်စင်ထုတ်ပေးခြင်း ခေတ္တရပ်ဆိုင်းထား

တရုတ်နိုင်ငံသို့ တစ်ဆင့် ခံကုန်သွယ်ရေးဖြင့် တင်ပို့ရောင်း ချရန် မြဝတီနယ်စပ်မှ

သကြား တင်သွင်းရန် လိုင်စင်ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

 

တရုတ်အစိုးရက ဖမ်းဆီးမှု များ ဆက်တိုက်ပြုလုပ်နေ၍ ပြည် တွင်း၌ သကြားလက်ကျန်တန်ချိန် လေးသိန်းကျော် ကျန်ရှိနေခြင်း၊ ပြည်တွင်းသကြားထုတ်လုပ်မှုက တစ်နှစ်လျှင် တန်ချိန် သုံးသိန်း ကျော်ရှိသဖြင့် သကြားလက်ကျန်များပါက ကြံစိုက်တောင်သူများ အခက်တွေ့မည်ကို စိုးရိမ်ခြင်းကြောင့် ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးမှု ခေတ္တဆိုင်းငံ့ကြောင်း ဆိုသည်။

 

‘‘သင်္ဘောတင်ပြီးသားတွေ ကိုတော့ လိုင်စင်ထုတ်ပေးမှာပါ’’ ဟု ဦးခင်မောင်လွင်က ပြောကြားသည်။ တစ်ဆင့်ခံကုန်သွယ်ရေး ဖြင့် တရုတ်နိုင်ငံသို့ သကြားရောင်းချမှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တန်ချိန်နှစ်သန်းခန့် တင်ပို့ခဲ့ သည်။ တရုတ်သို့ နယ်စပ်ကုန် သွယ်ရေးဖြင့် သကြား တင်ပို့မှု သည် တစ်လလျှင် ပျမ်းမျှတန်ချိန် တစ်သိန်းခွဲခန့်ရှိနေသည်။

 

ယခုနှစ် ဖမ်းဆီးမှုများကြောင့် နယ်စပ်မှ သကြားတင်ပို့မှုသည် ယခု ဘဏ္ဍာနှစ် သုံးလခန့်တွင် တန်ချိန် ၂ ဒသမ ၅ သိန်းခန့် သာရှိသဖြင့် တင်သွင်းမှုများခြင်း ကြောင့် သက်ဆိုင်ရာကုန်သည်များနှင့် ဆွေးနွေးပြီးမှ ပြန်လည် ခွင့်ပြုမည်ဟု ဦးခင်မောင်လွင်က ပြောသည်။

 

‘‘အဖမ်းအဆီးတွေက ဒီရက် ပိုင်းမှာလည်း ကြားနေရတယ်။ ဒါ ပေမဲ့ အဝယ်လည်းရှိနေတယ်’’ဟု မူဆယ်မြို့မှ သကြားကုန်သည် ဦးမင်းသိန်းက ပြောသည်။

 

 မြန်မာနိုင်ငံမှ တင်သွင်း သော သကြားများကို တရုတ်က စီမံချက်ချ၍ ဖမ်းဆီးနေခြင်းသည် တရားမဝင်ခွင့်ပြုပြီး အခွန်ကောက်ခံရန် စီစဉ်နေခြင်းကြောင့်ဖြစ်နိုင်သည်ဟု မူဆယ်မြို့မှ သကြားကုန်သည်အချို့က ခန့်မှန်းပြောကြားသည်။

 

တရုတ်နိုင်ငံသည် သကြား တင်သွင်းခွင့်နှင့်  ပတ်သက်၍ တရားဝင်ခွင့်ပြုရန် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့သို့ တင်ပြထားပြီး ကုန်သွယ်မှု  လုံခြုံရေးအတွက် မှောင်ခိုတင်သွင်းသည့် တရုတ် ကုန်သည်များကို စီမံချက်ချဖမ်း ဆီးနေကြောင်း ဦးခင်မောင်လွင် က ပြောသည်။

 

တရုတ်အစိုးရ၏ တရားမဝင်ကုန်သွယ်မှု တားဆီးရေးဆောင် ရွက်ချက်သည် နယ်စပ်ကုန်သွယ် ရေးဖြင့် တင်ပို့နေသော မြန်မာ နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအ တွက် အခက်အခဲဖြစ်ရသည်ဟု မူဆယ်မြို့ရှိ ကုန်သည်အချို့က ပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:39
Rate this item
(1 Vote)