Food & Livestock



ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်း အညွှန်းကိန်း အောက်တိုဘာလတွင် ကျဆင်းဟု FAO ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်း အညွှန်းကိန်း အောက်တိုဘာလတွင် ကျဆင်းဟု FAO ထုတ်ပြန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီဖြစ်သည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization FAO ၏ အောက်တိုဘာလအတွက် ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်း အညွှန်းကိန်းသည် သကြား၊ ကောက်နှံများ၊ ဟင်းသီးဟင်းရွက်ဆီများနှင့် အသားများတို့၏ ဈေးနှုန်းများ ကျဆင်းမှုကြောင့် နှစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။

 

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ဈေးနှုန်းအညွှန်းကိန်းသည် ကမ္ဘာနှင့်အဝှမ်း ရောင်းဝယ်ဖောက်ကားမှု အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများအပေါ် မူတည်ပြီး တွက်ချက်ထားသည်။

အဆိုပါ အညွှန်းကိန်းသည် အောက်တိုဘာလတွင် ပျမ်းမျှ ၁၂၀.၆ ရှိသည်။ စက်တင်ဘာလတွင် ၁၂၁.၃ ရှိခဲ့ရာမှ ကျဆင်းခဲ့သည်ဟု FAO က သောကြာနေ့ (နိုဝင်ဘာ ၃) တွင် အချက်အလက် ထုတ်ပြန်ခဲ့သည်။

 

အောက်တိုဘာအတွက် အညွှန်းကိန်းသည် ၂၀၂၁ ခုနှစ် မတ်လ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်။

 

FAO နှံစားသီးနှံ စျေးနှုန်းအညွှန်းကိန်းသည် အောက်တိုဘာလအတွက် ၁၂၅.၀ ဖြစ်ပြီး  စက်တင်ဘာလ အညွှန်းကိန်း ၁.၃ အောက်သို့ ကျဆင်းခဲ့သည်။

“နိုင်ငံတကာ ဂျုံဈေးဟာ အောက်တိုဘာလမှာ ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အမေရိကန်ဂျုံက မှန်းထားကြတာထက် ပိုထွက်ခဲ့ပြီး ဂျုံတင်ပို့သူများအကြား အပြိုင်အဆိုင် ရောင်းချနေကြတာကြောင့် ဈေးကျသွားခဲ့ပါတယ်" ဟု FAO က သုံးသပ်သည်။

နို့ထွက်ပစ္စည်းလည်း ဈေးကျနေသည်။ အညွှန်းကိန်းတွင် ၂.၄ ကျဆင်းပြီး ၁၁၁.၃ သို့ ရောက်ရှိလာသည်။ နို့ထွက်ပစ္စည်း တလထက်တလ ဈေးကျနေသည်မှာ ၉ လ ဆက်တိုက် ရှိပြီ ဖြစ်ပြီး ဈေးကျမည့် အလားအလာ ဆက်ရှိနေဆဲ ဖြစ်သည်။

နို့ထွက်ပစ္စည်းများတွင် နို့မုန့် ဈေးတက်ခဲ့သည်။

 "နို့ထွက်ပစ္စည်းတွေထဲမှာ နို့မုန့်က အရှေ့မြောက်အာရှမှာ တင်သွင်းမှု များပြားနေလို့ ကမ္ဘာ့ နို့မုန့်ဈေးနှုန်းများ မြင့်တက်ခဲ့ပါတယ်" ဟု FAO က ပြောကြားသည်။

 

ဟင်းသီးဟင်းရွက်ဆီစျေးနှုန်း အညွှန်းကိန်းသည် ၀.၇% ကျဆင်းခဲ့သည်။ လစဉ် ဆက်တိုက်ကျဆင်းခဲ့သည်မှာ ၃ လ ဆက်တိုက် ရှိပြီ ဖြစ်သည်။

နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညှင်းဆီတို့ ဈေးတက်ခဲ့သော်လည်း ကမ္ဘာ့စားအုန်းဆီး ဈေးနှုန်းများ လျော့ကျခဲ့သည်က ပိုများသဖြင့် ဟင်းသီးဟင်းရွက်ဆီ စျေးနှုန်း အညွှန်းကိန်း လျော့ကျခဲ့သည်။

အသားဈေးနှုန်း အညွှန်းကိန်း ၀.၆% ကျဆင်းခဲ့သည်။ လစဉ် ကျဆင်းနေသည်မှာ ၄ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ တရုတ်ပြည်မှာ ဝက်သား ရောင်းအား ကျဆင်းခဲ့ပြီး ကမ္ဘာ့ဝက်သားဈေးနှုန်းများ ကျဆင်းခဲ့သဖြင့် အသားဈေးနှုန်း အညွှန်းကိန် ကျဆင်းခဲ့သည်။

 

ဘရာဇီးသကြား ထုတ်လုပ်ရေး အားကောင်းနေသဖြင့် သကြားဈေး ကျဆင်းခဲ့သဖြင့် သကြားစျေးနှုန်းအညွှန်းကိန်း ၂.၂% ကျဆင်းခဲ့သည်။

 

Source FAO


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 04 November 2023 14:48
Rate this item
(0 votes)