Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း၏ ဆားသုံးစွဲမှု လမ်းညွှန်ချက်

ဆားသုံးစွဲမှုမြင့်မားခြင်းနှင့် ကျန်းမာရေးထိခိုက်ခြင်းတို့ကြား တိုက်ရိုက်ဆက်စပ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏လမ်းညွှန်ချက်ပါ လိုအပ်သည့်

ဆားပမာဏသတ်မှတ်ချက်ထက်ကျော်လွန်နေပြီဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြထားပါတယ်။

 

 

အထူးသဖြင့် တရုတ်နိုင်ငံ၌ ဆားသုံးစွဲမှုအမြင့်ဆုံးရှိနေသောကြောင့် သွေးတိုးခြင်းနှင့် လေဖြတ်သူဦးရေများလာနိုင်ကြောင်း WHO က သတိပေးထားသည်။ တစ်ရက်လျှင် ဆားသုံးစွဲမှုပမာဏ ၁၂ ဒသမ ၅ ဂရမ်ခန့် သို့မဟုတ် ဆားလက်ဖက်ရည်ဇွန်းနှစ်ဇွန်းခွဲ ရှိသူများသည် သွေးတိုးခြင်းနှင့် လေဖြတ်ခြင်းတို့ရှိလာနိုင်ကြောင်း Lancet ဆေးပညာဂျာနယ်၌ ဖော်ပြခဲ့သည့် အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။

 

 

တစ်ရက်လျှင် ဆားငါးဂရမ်ထက်ကျော်လွန်ပြီး သုံးစွဲခြင်းမပြုရန် WHO ကအကြံပြုထားသည်။ WHO သည် နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ ဒေသ ၃ဝဝ ကျော်တို့ရှိ လူ ၉ဝဝဝဝ ကျော်တို့ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။

 

 

တရုတ်အပါအဝင်နိုင်ငံတချို့တွင် ဆိုဒီယံကို တစ်ရက်လျှင် ငါးဂရမ် (ဆား ၁၂ ဒသမ ၅ ဂရမ်နှင့်ညီမျှ) ထက်ပိုမိုသုံးစွဲမှုများရှိနေကြောင်း ကနေဒါရှိ မက်မာစတာတက္ကသိုလ်ရှိ လူဦးရေကျန်းမာရေးသုတေသနအင်စတီကျုမှ ပါမောက္ခ အန်ဒရေမန်တဲကပြောဆိုခဲ့ပါတယ်။ ဆိုဒီယံတစ်ဂရမ်တွင် ဆား ၂ ဒသမ ၅ ဂရမ်ရှိနေကြောင်း သိရပါတယ်။

 

 

တရုတ်နိုင်ငံရှိ အလေ့လာခံများအနက် ငါးပုံလေးပုံသည် တစ်ရက်လျှင် ဆား ၁၂ ဒသမ ၅ ဂရမ်ကိုသုံးစွဲနေပြီး အခြားနိုင်ငံများရှိ အလေ့လာခံများအနက် ၈၄ ရာခိုင်နှုန်းသည် တစ်ရက်လျှင် ဆား ၇ ဒသမ ၅ မှ ၁၂ ဒသမ ၅ ဂရမ်အထိ သုံးစွဲနေပါတယ်။

 

 

ဆိုဒီယံကို သင့်တင့်မျှတသည့် ပမာဏသုံးစွဲပါက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိသော်လည်း ပမာဏများစွာသုံးစွဲပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း ပါမောက္ခမန်တဲကပြောဆိုခဲ့ပါတယ်။ လူ့ခန္ဓာကိုယ်သည် ဆိုဒီယံနှင့် ဗီတာမင်ကဲ့သို့ အခြေံအာဟာရများကိုလိုအပ်သော်လည်း မည်မျှလိုအပ်သည်နှင့်ပတ်သက်၍မူ အငြင်းပွားနေဆဲဖြစ်ပါတယ်။

 

 

ပညာရှင်များသည် ရှစ်နှစ်တာကာလအတွင်း အမျိုးသားနှင့်အမျိုးသမီး ၉၅၇၆၇ ဦးတို့၏ ဆည်းနှင့်သွေးနမူနာများ၊ ကျန်းမာရေးမှတ်တမ်းများကို လေ့လာသုံးသပ်ခဲ့သည်။ လေ့လာမှုပြုလုပ်စဉ်ကာလအတွင်း လေ့လာခဲ့ရာ ၃၇ဝဝ ဦးသေဆုံးခဲ့ပြီး ၃၅၄၃ ဦးဟာ နှလုံးဆိုင်ရာရောဂါများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

 

Source: Myanmar Times

Read times Last modified on Tuesday, 18 September 2018 10:19
Rate this item
(1 Vote)