Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်း ငါးတန်များ ဗဟိုစံပြငါးဈေးတွင် တရားမဝင် တင်သွင်းရောင်းချနေဟုဆို

ထိုင်း ငါးတန်များ ဗဟိုစံပြငါးဈေးတွင် တရားမဝင် တင်သွင်းရောင်းချနေဟုဆို google.com

ထိုင်းနိုင်ငံမှ ငါးတန်များ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံ ပြငါးဈေးသို့ တရားမဝင်တင်သွင်းပြီး

ဈေးနှုန်းထက်ဝက်ခန့်လျှော့ချ ရောင်းချနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကြီးငွေကပြောသည်။

 

ပြည်တွင်းသို့ တရားမဝင် တင်သွင်းနေသော ငါးများကြောင့် ငါးမွေးသူများ စီးပွားရေးထိခိုက်ပြီး ငါးရောဂါများကူးစက်လာနိုင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက တားဆီးထိန်းချုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

 

‘‘ထိုင်းနိုင်ငံက ငါးတန်တွေ စံပြငါးဈေး ရောက်တော့ ဈေးနှုန်း ထက်ဝက်လောက် လျှော့ပြီး ရောင်းတယ်။ တစ်ပိဿာ ၃,၀၀၀ဈေးပေါက်ရင် သူတို့က ၁,၅၀၀ လောက်နဲ့ရောင်းတယ်’’ဟု ဦးကြီး ငွေကပြောသည်။

 

ထိုင်းမှ ငါးများတရားဝင် တင်သွင်းရောင်းချလိုပါက ငါးလုပ်ငန်းဦးစီးဌာန ခွင့်ပြုချက် လိုအပ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးဦးထွန်း ဝင်းမြင့်ကပြောသည်။

 

‘‘ငါးတန်တွေဝင်တဲ့ကိစ္စက မွေးမြူသူတွေကို ထိခိုက်တာက ဈေးနှုန်းကြောင့်ပဲ။ ကျန်းမာရေး ထိခိုက်မှု ရှိ၊မရှိကတော့စစ်ဆေးမှ သိမယ်။ တရားဝင်တင်သွင်းမယ် ဆို စိစစ်လက်ခံပေးနေတာတွေ ရှိပါတယ်’’ ဟု ဦးထွန်းဝင်းမြင့်က ပြောသည်။

 

အလားတူယခင်နှစ်ဇွန်လ ဒုတိယပတ်ကစကာ ထိုင်းငါးမြစ် ချင်းများ ဗဟိုစံပြငါးဈေးသို့တရား မဝင်တင်သွင်းပြီး ဈေးနှုန်းလျှော့ချ ရောင်းချနေသဖြင့် အရေးယူပေးရန် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ ချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ ထံတိုင်ကြားခဲ့၍ ထိန်းချုပ်ခဲ့သည်။

 

ထိုင်းမှ ပုစွန်၊ ငါး၊ ကြက်အရှင်၊ ကြက်သားနှင့် ကြက်ကလီစာများ နေ့စဉ်တရားမဝင် ဝင်ရောက် နေခြင်းကို ထိရောက်စွာ မတားဆီးနိုင်လျှင် မွေးမြူရေးလုပ်ငန်းရှင်များ လုပ်ငန်းရပ်တည်နိုင်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံငါးမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်တာဝန်ရှိသူများက အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

 

ပြည်ပနိုင်ငံများမှ တရားမ ဝင်တင်သွင်းလာသော စားသောက်ကုန်များတွေ့ရှိပါက တရားမဝင် ကုန်သွယ်မှု ဥပဒေနှင့်စည်ပင်သာ ယာဥပဒေများဖြင့်သာအရေးယူသော်လည်း ထိရောက်မှုမရှိသဖြင့် ယခုအခါ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များပြဋ္ဌာန်းရန်လိုအပ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:39
Rate this item
(1 Vote)