Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ အဝင်များသော်လည်း ဈေးမကျဘဲ ဆက်လက်ရှိနေ

ရန်ကုန်ဈေးကွက်သို့ နယ်စုံမှ ကြက်သွန်နီအဝင်များလာသော်လည်း ဈေးမကျဘဲ အမြင့်ပိုင်းတွင် ဆက်လက်ရှိနေကြောင်း ဘုရင့်နောင်ဈေးကွက်မှ သိရပါတယ်။

 

ဇူလိုင်လ ၂၂ ရက်တွင် ဘုရင့်နောင်ဈေးကွက်သို့ ကြက်သွန်နီတင်ကုန်ကား ၄၁ စီး ဝင်ရောက်သော်လည်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၆၀၀ မှ ၉၀၀ ဝန်းကျင်အထိ ဈေးနှုန်းရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

 

"ဒီနေ့က ကြက်သွန်နီတင်ကုန်ကားအဝင်များတယ်။ အရောင်းအဝယ်ကတော့ မှန်မှန်အေးအေးပါပဲ" ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုအခါ ဇူလိုင်လ ဒုတိယပတ်ကထက် ကားအစီးရေ ထက်ဝက်ကျော် ဝင်ရောက်မှု မြင့်တက်လာခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေသော်လည်း တရုတ်နိုင်ငံမှ ဝယ်လက်များရှိနေသဖြင့် ဈေးနှုန်းများ ကျဆင်းသင့်သလောက်မကျသေးကြောင်း သိရပါတယ်။

 

Read More >>>>>   မည်သူမဆို ငါးသေတ္တာဗူးလေးနဲ့ ချက်ပြုတ်ပြိုင်ပွဲဝင်နိုင်မယ့် ဟင်းချက်ပြိုင်ပွဲကြီး

 

"လက်ရှိက လှောင်ကုန်တွေဝင်နေတာပါ။ တောင်သူတွေလှောင်ထားတာတွေလည်းပါတယ်။ ဈေးကွက်ကတော့ မှန်မှန်ပဲ " ဟု ဘုရင့်နောင်ပွဲရုံတန်း အောင်ရတနာပွဲရုံမှ မန်နေဂျာဖြစ်သူ၏ ပြောကြားချက်အရ သိရပါတယ်။

 

လတ်တလောတွင် ရန်ကုန်ဈေးကွက်သို့ နွေကြက်သွန်နီလှောင်ကုန်များ ဝင်ရောက်နေခြင်းဖြစ်ကာ စက်တင်ဘာလမှသာ တောင်သူများအနေဖြင့် ကြက်သွန်နီစတင်စိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရပါတယ်။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Wednesday, 24 July 2019 10:42
Rate this item
(1 Vote)