Food & Livestock



ဖိလစ်ပိုင် ဆန်တန်ချိန် ၃၃၀,၀၀၀ တင်သွင်းမည်

ဖိလစ်ပိုင် ဆန်တန်ချိန် ၃၃၀,၀၀၀ တင်သွင်းမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ National Food Authority (NFA) က အစိုးရသည် ဆန်ဈေးနှုန်းမြင့်တက်ခြင်းကို ထိန်းရန်နှင့် ငွေကြေးဖောင်းပွမှုကုိ ကန့်သတ်ရန် ကြိုးပမ်းလျက်ရှိရာ အရန်ဆန် မလုံလောက်မည့်အရေး ရှိလာသဖြင့် လိုအပ်မည့် ပမာဏကို ကာမိစေရန် ဆန်တန်ချိန် ၃၃၀,၀၀၀ ပြည်ပမှ တင်သွင်းရန် အဆိုပြုထားသည်။

.

အရေးပေါ် ကယ်ဆယ်ရေးအတွက်လည်း အရန်ဆန် လက်ကျန် လုံလုံလောက်လောက် ရှိနေဖို့ လိုအပ်သည်။ ပြည်တွင်းဈေးကွက်မှ ဆန်များကို ဝယ်ယူဖြည့်တင်းလျှင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်သွားလိမ့်မည်။ သို့ဖြစ်ရာ ပြည်ပမှ တင်သွင်းပြီး အရန်ဆန် ဖြည့်တင်းရန် ဆုံးဖြတ်ခဲ့သည်။

.

ဖိလစ်ပိုင်တွင် ဆန်ဈေးမြင့်တက်နေသည်။ ဆန်ဈေးနှုန်းများမှာ ယခုနှစ်ဆန်းပိုင်းက ပီဆို ၃၅-၃၈ ရှိခဲ့ရာမှ  ယခုအခါ  တစ်ကီလို ပီဆို ၃၆-၄၀ ‌($0.65-$0.80) သို့ ရောက်ရှိနေသည်။ 

.

ဖိလစ်ပိုင်၏ နှစ်ကုန်ဆန်လက်ကျန်စာရင်းမှာ တန်ချိန် ၁.၆၉ သန်းရှိမည်ဟု ခန့်မှန်းရပြီး ၄၅ ရက်စာ နှင့် ညီမျှသည်။ ဆန်ဈေး မတက်အောင်ထိန်းဖို့ လက်ကျန်ဆန် အနည်းဆုံး ရက် ၉၀ စာ ရှိဖို့ လိုအပ်သည်။

စိုက်ပျိုးရေးအတွင်းရေးမှူးလည်းဖြစ်သည့် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဆန်ဈေးကို ထိန်းညှိဖို့ နည်းလမ်းပေါင်းစုံကို သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။ လိုအပ်လာလျှင် ဆန်ကို ပြည်ပမှ တင်သွင်းဖို့ စီစဉ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

.

NFA က အစိုးရချင်း government-to-government အရောင်းအဝယ်ကို စီစဉ်မည်။ 

လက်ရှိတွင် ပုဂ္ဂလိကကုန်သည်များသာ ဆန်တင်သွင်း နေကြသည်။  

.

ဖိလစ်ပိုင်သည် ကမ္ဘာ့ ဆန်အများဆုံး ဝယ်ယူသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ အများစုကို ရေကြောင်းခရီး နီးသည့် ဗီယက်နမ်နိုင်ငံမှ တင်သွင်းသည်။ ထိုင်း၊ အိန္ဒိယ၊ မြန်မာ နိုင်ငံများထံမှလည်း တင်သွင်းသည်။

.


နိုဝင်ဘာလတွင် ဖိလစ်ပိုင်က မြန်မာ့ဆန် ဒုတိယအများဆုံး တင်သွင်းခဲ့

https://www.foodindustrydirectory.com.mm/food-industry/cuisine/myanmar/item/5423


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 14 April 2023 19:35
Rate this item
(0 votes)