Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက အခွန်ဖြေလျှော့မှုကြောင့် မြန်မာပဲ အ၀ယ်တိုးလာဖွယ်ရှိ

အိန္ဒိယက အခွန်ဖြေလျှော့မှုကြောင့် မြန်မာပဲ အ၀ယ်တိုးလာဖွယ်ရှိ google.com

အိန္ဒိယအစိုးရ၏ အခွန် ဖြေလျှော့မှုစနစ်သစ်ကြောင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံတိုးမြှင့်ဝယ်ယူလာနိုင်ကြောင်း

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူးဦးမင်းကိုဦးက သုံးသပ်သည်။

 

ပြည်နယ်တစ်ခုမှတစ်ခု ကုန်ပစ္စည်းများ ဖြတ်ကျော်သယ်ဆောင်ရာတွင် ပေးဆောင်ရသည့် အခွန် ၂ ရာခိုင်နှုန်းကို ဇူလိုင်ကစတင်၍ အိန္ဒိယအစိုးရကကောက်ခံမည် မဟုတ်သဖြင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာနိုင်ခြင်း၊ အိန္ဒိယကုန်သည်များကို ပဲမျိုးစုံ သိုလှောင်ခွင့်ပေးထားခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲအ၀ယ် တိုးလာနိုင်သည်ဟုဆိုသည်။

 

‘‘အခြေအနေကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရပါ တယ်’’ ဟု ဦးမင်းကိုဦးက ရှင်းပြသည်။

 

ယခုတစ်ကြိမ်အခွန် ဥပဒေပြင်ဆင်မှုသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ပြင်ဆင်မှုဖြစ်ပြီး ညဥ့်သန်းခေါင်ယံအချိန်ထိ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့သည်။

 

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံ ဈေးနှုန်းကျဆင်းမှုကြောင့် အိန္ဒိယလယ်သမားများကလည်း ပဲစိုက်ပျိုးရေးကို ယခုနှစ်၌ လျှော့ချလာကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် မိုးစပါး စိုက်ပျိုးထုတ်လုပ်ပြီးလျှင် လယ်သမားများအတွက် အဓိက၀င်ငွေ သည် ပဲမျိုးစုံထုတ်လုပ်ရောင်းချ ခြင်းမှ ရရှိကြောင်း လွတ်လပ်သော တောင်သူလယ်သမား အသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

 

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ သို့ တစ်နှစ်လျှင် မတ်ပဲတန်ချိန် လေးသိန်းကျော်မှ ငါးသိန်းအ ကြားနှင့် ပဲစင်းငုံတန်ချိန် သုံး သိန်းခန့် နှစ်စဉ်ရောင်းချနေသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ပဲ မျိုးစုံတင်ပို့မှုသည် ပို့ကုန်ပမာဏ စုစုပေါင်း၏ ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြားရှိသည်။

 

‘‘ပြည်ပတင်ပို့မှုမှာ အဓိက စိုက်တဲ့ မတ်ပဲ၊ ပဲစင်းငုံက တစ် နိုင်ငံတည်းကို အားထားနေရတော့ ကျွန်တော်တို့အတွက်အတော်အခက်အခဲကြုံတွေ့ရပါ တယ်’’ ဟု ဘုရင့်နောင်ကုန်စည် ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

 

ယခုနှစ်မြန်မာနိုင်ငံတွင် ပဲ မျိုးစုံ အသစ်ပေါ်ချိန်က စတင်၍ ဈေးနှုန်း စံချိန်တင်ကျဆင်းမှု ကြောင့် တောင်သူလယ်သမား များနှင့် ကုန်သည်များ အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

 

လက်ရှိအိန္ဒိယနိုင်ငံ၏ အ ခွန်စနစ်သစ်ဖြေလျှော့ပေးမှုများ က မြန်မာနိုင်ငံ၏ ပဲဈေးကွက် တွင် ကြုံတွေ့နေရသည့် ဈေးနှုန်း ကျဆင်းမှု အကျပ်အတည်းကို သက်သာစေနိုင်ကြောင်း ပြည်ပ ပဲမျိုးစုံတင်ပို့နေသည့် ကုန်သည် များက ပြောသည်။

 

အိန္ဒိယနိုင်ငံသို့ အဓိကတင် ပို့နေရသည့် မတ်ပဲက လက်ရှိတွင် တစ်တန်လျှင် ကျပ်ရှစ် သိန်းခြောက်သောင်းခန့်နှင့် ပဲစင်းငုံက ကျပ်ခြောက်သိန်းသုံးသောင်း ခန့်ရှိသည်။

 

ယခင်နှစ်က မတ်ပဲ တစ်တန်လျှင် ကျပ်တစ်ဆယ့်ရှစ်သိန်းခန့်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ်တစ်ဆယ့်ငါးသိန်းခန့် ရှိခဲ့ကြောင်း စိုက်ပျိုးတောင်သူများနှင့် ကုန်သည်များ အခက်အခဲများစွာကြုံခဲ့ရသည်။

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:38
Rate this item
(1 Vote)