Food & Livestock
ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၁.၇) သန်းကျော် တင်ပို့ထား
၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇွန်လ (၂၈) ရက်နေ့အထိ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် (၁.၇) သန်းကျော် တင်ပို့ထားပြီး တင်ပို့ငွေအားဖြင့်
ဒေါ်လာ (၅၃၁.၉၈၀) သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
အရင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်က ဆန်နဲ့ ဆန်ကွဲ တန်ချိန် (၃.၅၈) သန်းတင်ပို့ထားနိုင်ခဲ့ပြီး အခုဘဏ္ဍာနှစ်မှာတော့ တရုတ်နိုင်ငံဘက် တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေတာကြောင့် မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုလျော့နည်းသွားခြင်းဖြစ်ပါတယ်။
Read More >>>>> ဗီယက်နမ် ဒူးရင်းသီး လမုန့်စားချင်သူများ Vietnam Trade Fair 2019 တွင် ဝယ်ယူနိုင်
ဒါ့ပြင် အခုဘဏ္ဍာနှစ်ကုန်ဆုံးမယ့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဆန်တန်ချိန်နှစ်သန်းမှ နှစ်သန်းခွဲအထိသာ တင်ပို့နိုင်မယ်လို့ ဆန်ကုန်သည်များက ခန့်မှန်းထားကြပါတယ်။
တရုတ်နိုင်ငံကို တင်ပို့မှုလျော့နည်းသွားပေမယ့်လည်း အီးယူဈေးကွက်နဲ့ အခြားဈေးကွက်များကို ပုံမှန်အတိုင်း တင်ပို့လျက်ရှိပြီး မကြာမီ တရုတ်ဈေးကွက်ကိုလည်း အရင်အတိုင်း ပြန်လည်တင်ပို့နိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရပါတယ်။
အခုဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ ဆန်ကို တရုတ်၊ ဖိလစ်ပိုင်နဲ့ ကင်မရွန်းနိုင်ငံ၊ ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ နယ်သာလန်နိုင်ငံတို့ကို အများဆုံးတင်ပို့ထားပါတယ်။
#Myanmar Food Industry Directory
Source: The Voice



