Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုရင့်နောင်ဈေးရှိ ငါးပိပွဲရုံကိုးခုသို့ ဆိုးဆေးတွေ့ရှိလျှင် အကြောင်းကြားရန် FDA က ညွှန်ကြားထား

ငါးပိထဲတွင် ဆိုးဆေးတွေ့ရှိပါကအကြာင်းကြားရန် ဘုရင့်နောင်ဈေးရှိ ငါးပိပွဲရုံကိုးခုသို့ ညွှန်ကြားထားကြောင်း အစားအသောက်နှင့်

ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်ကပြောသည်။

 

၂၀၁၇ ဇွန်လ ၂၂ ရက်က ဘုရင့်နောင်ပွဲရုံရှိ ငါးပိများ ဆိုးဆေးပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ခွင့်မပြုဆိုးဆေး Rhodamine Bပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကုန်စည်ဒိုင်သို့ ထပ်မံဝင်ရောက်လာမည့် ငါးပိများကို စစ်ဆေးပြီး တွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ အကြောင်းကြားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

 

‘‘Rhodamine B ထပ်ပြီး တွေ့တယ်။ ဘယ်ကသွင်းတာလဲဆိုတာကို လိုက်ဖို့လုပ်နေတယ်။ တွေ့ခဲ့ရင် စက်ရုံကိုပိတ်ခိုင်းမယ်။ ငါးပိထုတ်လုပ်မှုများတဲ့ ဧရာဝတီဘက်ကိုလည်း အကြောင်းကြားထားတယ်။ နောက်ပြီး ဆိုးဆေး တွေ့ရင် အကြောင်းကြားဖို့အတွက် ပွဲရုံတွေကိုလည်း ပြောထားတယ်’’ဟု ဒေါက်တာခင်ချစ်က ပြောသည်။

 

Rhodamine B သည် ချည်ထည်၊ ပိုးထည်များကို အရောင်ဆိုးရာ၌ အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး နောက်ပိုင်းတွင် ငါးပိ၊ ငါးပိထောင်းများ၌ အရောင်လှစေရန် အသုံးပြုလာကြသည်ဟုဆိုသည်။

 

 အဆိုပါဆေးအသုံးပြုထားသော ငါးပိကို စားသုံးမိပါက အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြောထိုင်းမှိုင်းခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

 

‘‘အခု ပွဲရုံကိုးခုကို ငါးပိမှာ ဆိုးဆေးပါဝင်မှု ရှိ၊ မရှိ စစ်ဆေးလို့ရတဲ့ Test Kit (ဓာတ်ခွဲကိရိ ယာ)နဲ့ ပေးပြီးတော့ စစ်ဆေးခိုင်းထားတယ်။ တွေ့ရင်လည်း အကြောင်းကြားပေးဖို့ ပြောထားတယ်။ Test Kit အသုံးပြုပုံတွေကို လည်း သင်တန်းပေးထားတယ်’’ ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဒေါက်တာဖြိုးမာန်သက်ဦးက ပြောသည်။

 

ဇွန်လ ၂၂ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ခွင့်မပြုဆိုးဆေး Rhodamine B ပါဝင်နေသော ငါးပိများကို နမူနာကောက်ယူစစ်ဆေးခဲ့ပြီး ဆိုးဆေးပါသော ငါးပိရောင်းချသူများကို ဝန်ခံကတိရေးထိုးစေကာ ပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

 

ငါးပိထဲတွင် ဆိုးဆေးပါဝင်မှု ပျောက်ကင်းစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ငါးပိထုတ်လုပ်ရာ ဒေသများအထိ လိုက်လံပညာပေးခြင်း၊ သင်တန်းများပေးခြင်းကို လွန်ခဲ့သည့်တစ်နှစ်အတွင်းကတည်းက စတင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 15:10
Rate this item
(1 Vote)