Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အမဲသားတင်ပို့မှု ပမာဏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့တဲ့ ဘရာဇီးလ်

တရုတ်နိုင်ငံ၏ အမဲသားဝယ်ယူတင်သွင်းမှုမြင့်တက်မှုကြောင့် ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်မှုလုပ်ငန်းများအသင်း(Abrafrigo)က သတင်းထုတ်ပြန်ခဲ့သည်။ ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် နိုဝင်ဘာလတွင် တန်ချိန် ၁၉၇,၈၅၂ အထိစံချိန်တင်ရောက်ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၈၄၄.၈ ရရှိခဲ့သည်။

 

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်ကုန်ဆုံးချိန်တွင် ဘရာဇီးလ်နိုင်ငံ၏အမဲသား တင်ပို့မှုသည် ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းထားပြီးနိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ ၁၅ ရာခိုင်နှုန်းပိုမိုတိုးတက်ရှာဖွေနိုင်ရန် စက်မှုလုပ်ငန်းများအသင်းက မျှော်မှန်းလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံသည်ဘရာဇီးလ်နိုင်ငံမှ အမဲသားတန်ချိန် ၁၀၉,၀၀၀ တင်သွင်းခဲ့ပြီး နိုဝင်ဘာလတွင် အမဲသား တန်ချိန် ၁၂၃,၀၀၀ အထိ တိုးမြှင့်တင်သွင်းခဲ့ကြောင်း အစိုးရကထုတ်ပြန်သော အချက်အလက်များ အားကိုးကား၍ စက်မှုလုပ်ငန်းများအသင်းက ပြောကြားခဲ့သည်။

 

ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် ၂၀၁၉ ခုနှစ်၊ ကာလတူတွင် တန်ချိန် ၁.၈၅ သန်း တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၇ သန်း ရရှိခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် ၇.၇ ဘီလီယံဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ကာလတူ တင်ပို့မှု ၆.၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရသည်။

 

၂၀၁၉ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့အမဲသားတင်ပို့မှုသည် ၄၃.၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှတင်ပို့သည့် အမဲသားတန်ချိန် စုစုပေါင်း၏ ၅၇.၉ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကတင်သွင်းခဲ့သည်။ ဘရာဇီးလ်နိုင်ငံမှ တင်ပို့သည့် အမဲသားအများစုကို တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့က အဓိက စားသုံးကြကြောင်း စက်မှုလုပ်ငန်းများအသင်းက ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံပြီးလျင် ဘရာဇီးလ်နိုင်ငံမှအမဲသားများကို ဒုတိယ အများဆုံးဝယ်ယူသည့်နိုင်ငံမှာ အီဂျစ်နိုင်ငံဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ တွင် အီဂျစ်နိုင်ငံ၏ အမဲသားတင်သွင်းခဲ့မှုသည် တန်ချိန် ၁၂၂,၇၅၃ ဖြစ်ရာ ၂၀၁၉ ခုနှစ်ကာလတူ တင်သွင်းမှုနှင့်နှိုင်းယှဉ်ပါက ၂၃.၇ ရာခိုင်နှုန်း လျှော့နည်းခဲ့သည်။ ဘရာဇီးလ် နိုင်ငံမှ အမဲသားအား တတိယမြောက်အများဆုံးတင်သွင်းသည့်နိုင်ငံမှာ ချီလီနိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၅၆၃၇၃ တင်သွင်းခဲ့ရာ ၂၀၁၉ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၁.၁ ရာခိုင်နှုန်း လျှော့နည်းခဲ့သည်။

 

စတုတ္ထအများဆုံး တင်သွင်းခဲ့သည့် ရုရှနိုင်ငံသည် တန်ချိန် ၅၆၃၇၃ တင်သွင်းခဲ့ပြီး ၂၀၁၉ ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၄.၈ ရာခိုင်နှုန်း လျှော့နည်းခဲ့သည်။ အမေရိကန်နိုင်ငံသည် ၅၄၃၈၄ တန်ဖြင့် ဘရာဇီးလ်နိုင်ငံမှ အမဲသားများအား ပဉ္စမမြောက်အများဆုံးတင်သွင်းခဲ့ပြီး ၂၀၁၉ ကာလတူနှင့် နှိုင်းယှဉ်ပါ က ၅၂.၆ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့သည်။

 

MYANTRADE

Read times
Rate this item
(0 votes)