Food & Livestock
ငါးလုပ်ငန်းသိပ္ပံကျောင်းဝင်ခွင့် လျှောက်ထားမှုများ စတင်လက်ခံ
ယခုနှစ်အတွင်း စတင်ဖွင့်လှစ်မည့် ငါးလုပ်ငန်း သိပ္ပံကျောင်း (တွံတေး) အတွက် လျှောက်လွှာများကို နိုဝင်ဘာ
၂၁ ရက်အထိ လက်ခံခေါ်ယူသွားမည် ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံက သိရသည်။
ငါးလုပ်ငန်းသိပ္ပံကျောင်းတက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲနှင့် အောင်မြင်ပြီး အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရန်လိုပြီး လျှောက်လွှာများကို ငါးလုပ်ငန်းဦးစီးဌာနရုံးများ၊ ငါးလုပ်ငန်းစခန်း များနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ ပေးပို့လျှောက်ထားနိုင်မည်ဖြစ်သည်။
ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာသင်တန်းသည် သုံးနှစ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး အောင်မြင်ပါက အောင် လက်မှတ်ဖြစ်သည့် (Diploma in Fisheries and Aquaculture) အားပေးအပ်မည်ဟု သိရသည်။
ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ပထမနှစ်အတွက် သင်တန်းသား ၄၀ ဦးကို လက်ခံသင်ကြားပို့ချပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျောင်းသားဦး ရေတိုးမြှင့်လက်ခံခြင်းနှင့် ဒုတိယနှစ်၊ တတိယနှစ် သင်တန်းသားခေါ်ယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ သင်တန်းဆင်းပါက အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနိုင်ရန် ပေါင်းကူးစာမေးပွဲများ ဖြေဆိုခွင့်ရရှိမည် ဖြစ်ကြောင်းသိရသည်။
Source:MDN
Myanmar Food Industry Guide



