Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြံများထွက်ရှိနေပြီဖြစ်သော်လည်း အရောင်းအ၀ယ်အေးနေ

မန္တလေးမြို့ရှိ ကြံအရောင်းအ၀ယ်ဈေးကွက်အတွင်း ကြံများစတင်ရောင်းချနေပြီဖြစ်သော်လည်း

အရောင်းအ၀ယ်နည်းနေကြောင်း သိရပါတယ်။

 

တပို့တွဲလဆိုရင် ကြံစထွက်တယ်။ အခုတော့ စောသေးတယ်လို့ထင်တယ်။ ရောင်းအားကတော့ မကောင်းသေးပါ။ ရာသီဥတုကလည်း ပူလိုက် အေးလိုက်နဲ့ဆိုတော့ ကြံရည်ဆိုင်တွေက ၀ယ်ယူမှုသိပ်မရှိကြ သေးဘူး။ တန်ခူးလလောက်ဆိုရင်တော့ ရောင်းအားက ကောင်းနိုင်ပါတယ်။ ဒီဈေးကွက်မှာကတော့ တံတားဦး၊ မြင်းခြံနဲ့ စဥ့်ကိုင်ဘက်ကထွက်တဲ့ ကြံတွေကိုပဲ အဓိက ရောင်းဝယ်ကြတာများပါတယ်။

 

ကြံ ၁၀ ချောင်းပါ တစ်စည်းကို ငွေကျပ် ၃၀၀၀ နဲ့ ၄၀၀၀ ကြားမှာရှိပြီး မြင်းခြံဘက်က ထွက်တဲ့ကြံကတော့ ကြံအလုံး၊ အရွက်လှတော့ ငွေကျပ် ၄၀၀၀ ရှိတယ်။

 

ကြံပင်အရွက်တွေခြောက်သွားရင်တော့ ဈေးသိပ်မရကြောင်း ကြံအရောင်းအ၀ယ်လုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ကြံများကို ၀ါဆို၊ ၀ါခေါင်အထိ ရောင်းချရလေ့ရှိပြီး မတ္တရာ၊ မုံရွာ၊ ပြင်ဦးလွင်၊ မိုးမိတ်မြို့တို့မှ လာရောက်ဝယ်ယူမှု များပြီး ယခင်နှစ်က မိုးများ၍ ကြံစိုက်တောင်သူများ အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ကြံထွက်ကောင်းမွန်ကာ ကြံကြိတ်ရောင်းချသည့်ဆိုင်များပြားလာသည့်အတွက်ကြောင့် ဧပြီလမှစ၍ ရောင်းအား ကောင်းမွန်လာနိုင်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:55
Rate this item
(1 Vote)