Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ ပြတ်လပ်မည့် အခြေအနေကြောင့် တရုတ်နှင့် အိန္ဒိယမှ တင်သွင်းရမည်ဟုဆို

ပြည်တွင်း လက်ကျန် လျော့နည်းခြင်းကြောင့် ယခုနှစ် တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်သွန်နီပြန်လည်တင်သွင်းရ

မည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန် ရှိသူများကပြောသည်။

 

မြန်မာနိုင်ငံတွင် ကြက်သွန် နီလက်ကျန်သည် ပိဿာချိန်သိန်း ၁၅၀ ခန့်သာ ကျန်ရှိပြီး ယင်း ပမာဏက တစ်နိုင်ငံလုံး စားသုံးမှု ၏ တစ်လကျော်သာလုံလောက် နိုင်သဖြင့် မိုးကြက်သွန်နီ အသစ် မပေါ်မီ ကြားကာလတွင် ပြည်မှ ကြက်သွန်နီပြန်လည်တင်သွင်းရ မည်ဟု အသင်းတာဝန်ရှိသူများကပြောသည်။

 

‘‘မနှစ်က စိုက်ချိန်မှာ မိုးမိ လိုက်တော့ ကြက်သွန်တွေပုပ်ပြီး အထားမခံတဲ့ ပြဿနာ၊ အထွက် နည်းတဲ့ပြဿနာကြောင့် အခုအချိန်မှာ လက်ကျန်က နည်းသွားတာပါ’’ ဟု ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောသည်။

 

ပြည်တွင်းကြက်သွန်နီလက် ကျန်နည်းခြင်းကြောင့် လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးနှုန်းသည် ဆက် တိုက်မြင့်တက်လာကြောင်း၊ ဇူလိုင် ၂၄ ရက်တွင် ဘုရင့်နောင် ကုန်စည်ဒိုင်၌ ကြက်သွန်နီ ဈေး နှုန်းသည် တစ်ပိဿာလျှင် အနိမ့် ဆုံး ၁,၁၂၅ ကျပ်၊ အမြင့်ဆုံး ၁,၄၅၀ ကျပ် ခန့်ဈေးရှိကြောင်း ၎င်းက ပြောသည်။

 

ပြည်ပမှ ကြက်သွန်နီ တင်သွင်းမည်ဆိုပါက လက်ရှိတွင် တရုတ်ကြက်သွန်နီ ဈေးနှုန်းက မြန်မာကျပ်ငွေဖြင့် တွက်ပါက တစ်ပိဿာလျှင် ကျပ် ၈၀၀ ခန့်ဈေး ရှိပြီး အိန္ဒိယ ကြက်သွန်နီက ကျပ် ၇၀၀ ခန့် ဈေးရှိကြောင်း ကုန် သည်များထံမှ သတင်းရရှိသည်။

 

လက်ရှိပြည်တွင်းကြက်သွန် ဈေးမြင့်နေမှုကြောင့် တရုတ်နိုင်ငံ မှ တရားမဝင် ကြက်သွန်နီတင် သွင်းမှုအချို့ရှိနေကြောင်း ပြည် တွင်းကုန်သည်များက ပြောကြားသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားသည့် ပြည်ပမှ ကြက်သွန်ဖြူ တင်သွင်းရာတွင် ကြက်သွန်နီများလည်း  ပါဝင်ကြောင်း ကုန်သည်များထံမှသိရသည်။

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:07
Rate this item
(1 Vote)