Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြင်သစ်ကုမ္ပဏီက ပလောင်လက်ဖက် ဝယ်ရန်ကမ်းလှမ်း

ပြင်သစ်နိုင်ငံအခြေစိုက် လက်ဖက်ကုမ္ပဏီ Palais Des Thes က ပလောင်ဒေသထွက် လက်ဖက်ဝယ်ရန် ဆွေးနွေးကမ်းလှမ်းမှုများရှိကြောင်း

ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

 

အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌက ပလောင်ဒေသတွင်လာရောက်ကာ လက်ဖက်အချို့ ကို ချက်ချင်းဝယ်ယူရန် ဆောင်ရွက်သော်လည်း ယခုနှစ်အတွက် လုံလောက်ခြင်း မရှိသောကြောင့် လာမည့်နှစ် မတ်လနှင့် မေလတို့တွင် ဝယ်ယူရန်
ကမ်းလှမ်းထားကြောင်း ယင်းအသင်း၏ အတွင်းရေးမှူး ဦးသိန်းထွေးက ပြောကြားသည်။

 

“သူတို့က ၁၀၀ ကီလိုဂရမ်လောက် စမ်းဝယ်မယ်ပေါ့နော်။ တန်ချိန်ဘယ်လောက် ဝယ်မယ်ဆိုတာ မနက်ဖြန်ညနေ အတိအကျပြောပါမယ်” ဟု ၎င်းကဆိုသည်။

 

လက်ရှိတွင် ချက်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့သို့ လက်ဖက်များ တင်ပို့ရောင်းချနေပြီး ယခု ပြင်သစ်နိုင်ငံမှာ ဈေးကွက်အသစ်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

 

ပြင်သစ်လက်ဖက်ကုမ္ပဏီသည် ပြင်သစ်သမ္မတနန်းတော် ကမ္ဘာ့နာမည်ကြီး ဇိမ်ခံဟိုတယ်နှင့် နိုင်ငံတကာ အဆင့်မြင့်လေကြောင်းလိုင်းများတွင် လက်ဖက်ခြောက်များ ရောင်းချနေသည့် ကုမ္ပဏီဖြစ်ကြောင်း၊ ပလောင်ဒေသထွက်လက်ဖက်များကို ၎င်းတို့ကဝယ်ပြီး ပြန်လည်ရောင်းချကာ ကြော်ငြာပေးခြင်း၊ ပြင်သစ်မီဒီယာများခေါ်လာကာ မှတ်တမ်းရုပ်ရှင် (Docu-mentary) ရိုက်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

 

ပြည်တွင်းလက်ဖက်အချိုခြောက်ဝယ်လိုအားမှာ တစ်နှစ်လျှင် တန်ချိန် ၂ သောင်းကျော်လိုအပ်လျက်ရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၆ ထောင်မှ ၈ ထောင်သာရှိကာ ဈေးကွက်သဘောအရ ဝယ်လိုအားကို မမီခြင်းကြောင့် ပြည်ပလက်ဖက်များ ဈေးကွက်ရနေခြင်းဖြစ်ကြောင်း၊ ပြည်ပကိုလည်း တင်ပို့မည်ဆိုပါက ထုတ်လုပ်မှုပိုမိုလိုအပ်မည်ဖြစ်ကြောင်း လက်ဖက်စိုက်ပျိုးသူများကဆိုသည်။

 

မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ပျိုးသော ဧကနှစ်သိန်းကျော်ရှိပြီး တစ်နှစ်လျှင် လက်ဖက်ခြောက် တန်ချိန်လေးသောင်းကျော် ထုတ်လုပ်လျက်ရှိသည်။

 

Source: The voice

Read times
Rate this item
(1 Vote)