Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
ဒယ်အိုးအောက်ခြေမှာ ဂျိုးတက်နေလျင်ဘယ်လိုလုပ်သင့်သလဲ
လက်တလောမှာ ကိုဗစ်ကိစ္စတွေကလဲ ပြီးတာမကြာသေးတော့ ဆိုင်တွေ က နေရာ အကန့်အသတ်နဲ့ ဖွင့်တာမို့ အစားအစာကို အိမ်မှာပဲ ချက်လုပ်စားသောက်ကြတာများမှာပါ ဒီတော့ ချက်ပြုတ်ရင်းတူးတဲ့ အခါလည်းတူးပေမပေါ့ ။
အဆိုပါတူးနေတဲ့ ဒယ်အိုးကြီးနဲ့ ဂျိုးတက်နေတဲ့ ဒယ်ဦးကြီးကို ကိုင်ရင် အတော်လေး မနှစ်မြို့စရာပါ အစားအသောက်တွေချက်ရင်လဲ ထိုအိုးရဲ့ အတူးအရသာကြီး ပါနေသရောင်ဖြစ်နေတတ်ပါတယ်။ဒီတော့ ထိုကဲ့သို့မီးကျွမ်းတဲ့ ဒယ်ဖင်မျက်နှာပြင်ကြီးကို အသစ်တိုင်းလေး သန့်နေအောင်ဘယ်လိုပြန်လုပ်မလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
သင့်မီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ ဒယ်အိုးမှ ဂျိုးတက်နေတာတွေကိုဖယ်ရှားကြည့်ရအောင် ၊ ထိုသို့ဖယ်ရှားရာတွင်သင့်အနေနဲ့ မုန့်ဖုတ်ဆိုဒါအမှုန့် ၊ ရှာလကာရည် ၊ အဝတ်လျှော် ဆပ်ပြာမှုန့် နဲ့ ဆားတို့ လိုအပ်ပါတယ်။ပထမဦးစွာ ဂျိုးတက်နေတဲ့ ဒယ်အိုးရဲ့ ဖင်ကို မုန့်ဖုတ်ဆိုဒါ ဖြူးထားပြီး ၁၅ မိနစ်စိမ်ထားပါ။
ထိုသို့ပြီးပါက အပေါ်က ရှာလကာရည်လောင်းထားကာ မိနစ် ၃၀ မှ ၄၀ ထိ ထားပါ။သံ Brush နဲ့ တိုက်ပါ။ပြီးမှ ဆပ်ပြာမှုန့် ၂ ဇွန်း ဆား ၁ ဇွန်းထည့်ကာ ၁၀ မိနစ်ထက်စိမ်ပါ။ထိုကဲ့သို့စိမ်ပြီးပါက ရေဖြင့်စင်အောင်ဆေးပါ ပြောင်လက်နေတဲ့ အိုးလေးရလာမှာပါ။
ထိုကဲ့သို့ ဂျိုးဖယ်ရှားခြင်းက သံမဏိ ၊ အယ်လူမီနီယံနှင့် သံအိုးများကို ကောင်းစွာ ဖယ်ရှားနိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါဆိုတာ ဆိုဒီယမ်ကာဗွန်နိတ်ပါ သည့်အပြင် ရှာလကာရည်မှာက အက်ဆစ်အပျော့စား လူတွေကို အန္တရာယ်မရှိစေတဲ့ အက်ဆစ်ပါပါတယ်။ထိုနှစ်ခုပေါင်းစပ်ပြီး အစွမ်းပြကာ ချေးညှော်များကိုဖယ်ရှားပေးတာပါ။အိမ်ရှင်မ များ မီးဖိုချောင်အတွက် အသုံးတည့်စေရန် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။
<<< Zawgyi >>>
--------------------------------------------------------------------------
Ref : The Indian Express
Read times
Rate this item
(0 votes)