Food & Livestock
မလေးရှားအစိုးရ Heineken, Carlsberg တို့ကို လော့ဒေါင်း ဖြေလျော့မှု ပေးအပ်
မလေးရှားအစိုးရအဖွဲ့က ဘီယာချက်လုပ်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ Heineken နဲ့ Carlsberg တို့ကို
လုပ်ငန်းပြန်စခွင့် ပေးအပ်လိုက်တယ်။ မလေးရှား နိုင်ငံတစ်ဝှမ်းမှာ တစ်လတိုင်တိုင် လော့ဒေါင်းချထားပြီး ခရီးသွားလာခြင်းကို ပိတ်ပင်ထားတဲ့အပြင် မရှိမဖြစ် မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ခိုင်းထားတာမှာ ယခုလို ဘီယာလုပ်ငန်းနှစ်ခုကို လုပ်ငန်းပြန်စခွင့် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
Heineken Malaysia Bhd နဲ့ Carlsberg Brewery Malaysia Bhd ကုမ္ပဏီတို့ကို အခုလို လုပ်ငန်းပြန်စခွင့် ပေးတဲ့အပေါ် မကျေမနပ် ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိတယ်။ မလေးရှားဟာ အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်မားဆုံး ဖြစ်နေပြီး အတည်ပြုလူနာ လေးထောင်နီးပါး ရှိပြီး သေဆုံးရသူဦးရေ ခြောက်ဆယ်ကျော် ရှိပါတယ်။
ဝန်ကြီးချုပ် ပါဝင်တဲ့ ဝန်ကြီးအဖွဲ့ အထူးအစည်းအဝေး ကျင်းပပြီး ယခုလို ခွင့်ပြုမိန့် ပေးအပ်လိုက်တာ ဖြစ်တယ်။
Heineken Malaysia က သတင်းထုတ်ပြန်တာမှာ အလုပ်ပြန်စဖို့ ခွင့်ပြုမိန့် ရရှိထားပြီဖြစ်ကြောင်း၊ ဧပြီလလယ်အထိ အလုပ်သမား အနည်းဆုံးဦးရေဖြင့် လုပ်ကိုင်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ရဲ့ ကုန်စည်ပေးသွင်းမှု အမျှင်မပြတ်စေဖို့၊ လူတွေ အလုပ်အကိုင် ရှိနေတာကို ဆက်ထိန်းထားဖို့၊ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် ကောင်းကျိုးဖြစ်ထွန်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” လို့ ဝက်ဘ်ဆိုက်မှာ တင်ပြထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Star
မေလးရွားအစိုးရ Heineken, Carlsberg တို႔ကို ေလာ့ေဒါင္း ေျဖေလ်ာ့မႈ ေပးအပ္
မေလးရွားအစိုးရအဖြဲ႕က ဘီယာခ်က္လုပ္တဲ့ လုပ္ငန္းေတြ ျဖစ္တဲ့ Heineken နဲ႔ Carlsberg တို႔ကို လုပ္ငန္းျပန္စခြင့္ ေပးအပ္လိုက္တယ္။ မေလးရွား ႏိုင္ငံတစ္၀ွမ္းမွာ တစ္လတိုင္တိုင္ ေလာ့ေဒါင္းခ်ထားၿပီး ခရီးသြားလာျခင္းကို ပိတ္ပင္ထားတဲ့အျပင္ မရွိမျဖစ္ မဟုတ္တဲ့ စီးပြားေရးလုပ္ငန္းေတြကိုလည္း ပိတ္ခိုင္းထားတာမွာ ယခုလို ဘီယာလုပ္ငန္းႏွစ္ခုကို လုပ္ငန္းျပန္စခြင့္ ေပးအပ္လိုက္တာ ျဖစ္ပါတယ္။
Heineken Malaysia Bhd နဲ႔ Carlsberg Brewery Malaysia Bhd ကုမၸဏီတို႔ုကို အခုလို လုပ္ငန္းျပန္စခြင့္ ေပးတဲ့အေပၚ မေက်မနပ္ ေျပာဆိုမႈမ်ား ထြက္ေပၚလ်က္ရွိတယ္။ မေလးရွားဟာ အေရွ႕ေတာင္အာရွမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အျမင့္မားဆုံး ျဖစ္ေနၿပီး အတည္ျပဳလူနာ ေလးေထာင္နီးပါး ရွိၿပီး ေသဆုံးရသူဦးေရ ေျခာက္ဆယ္ေက်ာ္ ရွိပါတယ္။
၀န္ႀကီးခ်ဳပ္ ပါ၀င္တဲ့ ၀န္ႀကီးအဖြဲ႕ အထူးအစည္းအေ၀း က်င္းပၿပီး ယခုလို ခြင့္ျပဳမိန္႔ ေပးအပ္လိုက္တာ ျဖစ္တယ္။
Heineken Malaysia က သတင္းထုတ္ျပန္တာမွာ အလုပ္ျပန္စဖို႔ ခြင့္ျပဳမိ္န္႔ ရရွိထားၿပီျဖစ္ေၾကာင္း၊ ဧၿပီလလယ္အထိ အလုပ္သမား အနည္းဆုံးဦးေရျဖင့္ လုပ္ကိုင္ရမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။
“ကၽြန္ေတာ္တို႔ရဲ႕ ကုန္စည္ေပးသြင္းမႈ အမွ်င္မျပတ္ေစဖို႔၊ လူေတြ အလုပ္အကိုင္ ရွိေနတာကို ဆက္ထိန္းထားဖို႔၊ တိုင္းျပည္ရဲ႕ စီးပြားေရးအေပၚ ေကာင္းက်ဳိးျဖစ္ထြန္းဖို႔ ကၽြန္ေတာ္တို႔မွာ တာ၀န္ရွိပါတယ္” လို႔ ၀က္ဘ္ဆိုက္မွာ တင္ျပထားတဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
Star



