Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်ခေါက်ဆွဲခြောက် EO ပါဝင်မှုများပြား

ဂျာမနီ၊ ပိုလန်နှင့် မော်လ်တာ အီးယူသုံးနိုင်ငံတို့က ဗီယက်နမ်မှ တင်သွင်းသော ခေါက်ဆွဲခြောက်များတွင် ကင်ဆာဖြစ်စေသောဓာတ် ethylene oxide EO ပါဝင်မှု မြင့်မားနေသဖြင့် သတိပေးချက် ထုတ်ပြန်ထားသည်။ အီးယူ အစားအသောက် ဘေးကင်းရေး စည်းမျဉ်းများအရ ခွင့်ပြုသည့် ရေချိန်ထက် ကင်ဆာဖြစ်စေနိုင်သော ethylene oxide EO ပါဝင်မှု ကျော်လွန်နေသည်ဟု ဆိုသည်။

 

ဂျာမနီနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပေးပို့သည့် အသိပေးအကြောင်းကြားစာတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ Binh Duong ပြည်နယ်၊ Thuan An City မှ Asia Food Joint Stock Company အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များဖြစ်သော ကြက်သားအရသာ အသင့်စားခေါက်ဆွဲနှင့် ဟင်းခတ်အမွှေးအကြိုင် အသင့်စားခေါက်ဆွဲများတွင် ethylene oxide EO ပါဝင်နှုန်းသည် ဥရောပသမဂ္ဂ အီးယူ၏ ခွင့်ပြုထားသော ကန့်သတ်ချက်များထက် ကျော်လွန်၍ ပါဝင်နေကြောင်း ဖော်ပြထားသည်။

 

ဟိုချီမင်းမြို့ တန်ဖူခရိုင်မှ Việt Nam Food Industry Joint Stock Company (Vifon) ကြက်သားအရသာ အသင့်စားခေါက်ဆွဲများတွင် အလားတူ ဖြစ်ရပ် တွေ့ရှိကြောင်း ပိုလန်နိုင်ငံက အသိပေးအကြောင်းကြားသည်။ ဗီယက်နမ်မှ တင်ပို့ထားသော ခေါက်ဆွဲခြောက်ထုပ်များကို ဗီယက်နမ်သို့ ပြန်လည်ပေးပို့ကြောင်းလည်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

 

Nguyễn Gia ၏ ခေါက်ဆွဲ ထုတ်ကုန်များသည် တရားမဝင် မျိုးဗီဇပြုပြင်ထားသော ဆန်များမှ ပြုလုပ်ထားကြောင်း မောလ်တာမှ သတိပေးခဲ့သည်။ ထုတ်ကုန်များကို ဈေးကွက်ထဲမှ ပြန်ရုပ်သိမ်းထားကြောင်း ပြောကြားသည်။


ယမန်နှစ်တွင် ဗီယက်နမ် ခေါက်ဆွဲခြောက်နှင့် ကြာဇံခြောက် အထုပ် အများအပြားတို့တွင် EO ပါဝင်မှုညများပြားကြောင်း တွေ့ရှိပြီးနောက် အီးယူဈေးကွက်တွင် ပြန်လည်သိမ်းဆည်းခဲ့သည်။

 

ကမ္ဘောဒီးယားအာဏာပိုင်များသည် ဗီယက်နမ် အသင့်စားခေါက်ဆွဲများကို ဓာတ်ခွဲစစ်ဆေးကြည့်မည်ဖြစ်ပြီး တားမြစ်ထားသော Ethylene Oxide (EO) ပါ၀င်မှု များပြားသော ဗီယက်နမ် အသင့်စားခေါက်ဆွဲများ တင်သွင်းမှုကို တားဆီးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

#MyanmarFoodIndustryGuide
Source: vietnamnet.vn

Read times Last modified on Wednesday, 17 August 2022 11:21
Rate this item
(0 votes)