Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဟောင်ကောင်နှင့် စင်ကာပူသို့ ကြက်ဥတင်ပို့နေသည့် မလေးရှားနိုင်ငံက ပြည်ပမှ ကြက်ဥတင်သွင်းမည်

ဟောင်ကောင်နှင့် စင်ကာပူသို့ ကြက်ဥတင်ပို့နေသည့် မလေးရှားနိုင်ငံက ပြည်ပမှ ကြက်ဥတင်သွင်းမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မလေးရှားနိုင်ငံသည် ပြည်တွင်း ကြက်ဥ မလုံမလောက် ပြတ်လပ်မှုကို မည်သို့ ဖြေရှင်းမည်ဆိုသည်ကို ရေရှည်ဖြေရှင်းချက် မဆုံးဖြတ်မီအထိ ကြက်ဥများကို ပြည်ပမှ ယာယီအားဖြင့် တင်သွင်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး မိုဟာမက်ဆာဘူက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေတိုဖြေရှင်းချက်သည် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။ 

မလေးရှားနိုင်ငံသားများသည် တစ်လလျှင် ပျမ်းမျှကြက်ဥလုံးရေ ၉၆၈ သန်း စားသုံးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကြက်ဥမှာယူမည့် နိုင်ငံများကို သတ်မှတ်ထားပြီးပြီ ဖြစ်ကြောင်း၊ ဘေးဥပါဒ်ကင်းရေးစံများကို လုံးဝ အလျှော့မပေးဘဲ ကြပ်မတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

.

ယခုလို ပြည်ပမှ တင်သွင်းခြင်းသည် ပြည်တွင်း ကြက်ဥထုတ်လုပ်သူများကို ယှဉ်ပြိုင်ပြီး ဖိအားပေးခြင်း မဖြစ်အောင် စီမံသွားမည် ဖြစ်ပြီး ကြက်ဥ မလုံလောက်သည့် ြပဿနာကို ကာကွယ်ရန်အတွက်သာ ဖြစ်စေရမည်ဟု ၎င်းက ပြောကြားသည်။ 

ထို့ပြင် မလေးရှားနိုင်ငံသို့ ကြက်ဥတင်ပို့သည့် နိုင်ငံတွင် ကြက်ဥ မလုံမလောက် မဖြစ်စေရန် ဂရုပြုသွားမည်ဟု ၎င်းက Facebook တွင် ဖော်ပြထားသည်။ 

.

ပြည်တွင်း ကြက်ဥ ရရှိမှု တည်ငြိမ်သွားသည်နှင့် ချက်ချင်း ပြည်ပတင်သွင်းမှုကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြည်ပမှ တင်သွင်းသည့် ကြက်ဥကြောင့် ပြည်တွင်းဈေးကွက်များ၌ ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို စောင့်ကြည့်ပေးရန် တာဝန်ယူမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။ 

Source ANN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 09 December 2022 20:11
Rate this item
(0 votes)