Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မုဒုံမြို့နယ်၌ ကျွဲကောအထွက်နှုန်း စစ်တမ်း ကောက်ယူမည်

Unicode


မုဒုံမြို့နယ်၌ ကျွဲကောအထွက်နှုန်း စစ်တမ်း ကောက်ယူမည်


ကျွဲကောအထွက်နှုန်း    သိရှိနိုင်ရန် မွန်ပြည်နယ် မုဒုံမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ကျေးရွာများအရောက် စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ  ကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း၏ ပြောဆိုချက်အရ သိရသည်။


မုဒုံမြို့နယ်ရှိ ကျွဲကောစိုက်ပျိုးသူများနှင့်  နိုဝင်ဘာ ၁၅ ရက်တွင်  တွေ့ဆုံမည်ဖြစ်ပြီး စိုက်ပျိုးမှု အခြေအနေနှင့် စိုက်ပျိုးသည့် မြေဧကများကို စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

 

“ ခြံစိုက်တောင်သူ ဘယ်လောက်ရှိလဲ၊ ဘယ်နှဧက   စိုက်ပျိုးထားလဲ၊  ဘယ်လို ကျွဲကော အမျိုးအစားတွေကို စိုက်ပျိုးထားလဲ၊ နောက်ထပ်တိုးချဲ့ပြီး ဘယ်လောက်ထိ စိုက်ပျိုးထားလဲ၊ ခြံတွေကအထွက်နှုန်း ဘယ်လောက်ရှိလဲဆိုတာ သိရှိနိုင်ဖို့ စနစ်တကျ ကောက်ယူမှာပါ ” ဟု ဦးမြင့်သိန်း ကပြောသည်။

 

လတ်တလောတွင် စိုက်ပျိုးရေး ဦးစီးဌာနအပြင် မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများ အသင်းအနေဖြင့်လည်း   တစ်နိုင်ငံလုံး အတိုင်းအတာ အထိ အတိအကျ စစ်တမ်းကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

Read More >>>>>  ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

“ အသင်းဝင်ထားတဲ့ သူတွေရှိပါတယ်။မဝင်ထားတဲ့သူတွေလည်း ရှိနေသေးတယ်။ အသင်းအနေနဲ့ အချိန်မပေးနိုင်သေးတာရော ငွေကြေးအခက်အခဲကြောင့်ပါ  နေရာ ဒေသအနှံ့ကို  ရက်ရှည် မသွားရောက်နိုင်သေးဘူး။ ဒေသတိုင်း၊ ခြံတိုင်းကိုသွားနိုင်မှ အဆင်ပြေမှာပါ။ တောင်သူတွေကလည်း  လိုလိုလားလား လက်ခံပြီး  ဖြေကြားပေးဖို့ လိုအပ်ပါတယ် ” ဟု ဦးမြင့်သိန်း ကပြော သည်။

 

ပြီးခဲ့သည့် ငါးနှစ်ခန့်က ယင်းသို့စစ်တမ်း ကောက်ယူခဲ့သော်လည်း ခြံပိုင်ရှင်တချို့က လက်မခံသည့် အတွက် အခက်အခဲတချို့ ရှိခဲ့သည်။

 

လတ်တလောတွင် ပြည်တွင်း၌ ကျွဲကော စိုက်ပျိုးမှုသည်   ပျမ်းမျှအားဖြင့်   ဧက ငါးထောင်မှ  တစ်သောင်းဝန်းကျင်အထိ ရှိပြီး    တိုင်းဒေသကြီးနှင့်   ပြည်နယ်တချို့၌  တိုးချဲ့ စိုက်ပျိုးလာကြောင်း  သိရသည်။

 

https://www.foodindustrydirectory.com.mm/categories.html

 

ကျွဲကောကို ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊    တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ စိုက်ပျိုးလျက်ရှိပြီး နောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့၌   တိုးချဲ့စိုက်ပျိုး လာကာ  ဧရာဝတီ တိုင်းဒေသကြီး၌လည်း စိုက်ပျိုးရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။   

 


Source: Myawaddy

 

 

မုဒံုၿမိဳ ႕နယ္၌ ကၽြဲေကာအထြက္ႏႈန္း စစ္တမ္း ေကာက္ယူမည္

 

ကၽြဲေကာအထြက္ႏႈန္း    သိရွိႏိုင္ရန္ မြန္ျပည္နယ္ မုဒံုၿမိဳ႕နယ္၌ ယခုရက္ပိုင္းအတြင္း ေက်းရြာမ်ားအေရာက္ စစ္တမ္းေကာက္ယူမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ  ကၽြဲေကာစိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ ေရာင္းခ် သူမ်ားအသင္း ဥကၠ႒ ဦးျမင့္သိန္း၏ ေျပာဆိုခ်က္အရ သိရသည္။

 

မုဒံုၿမိဳ႕နယ္ရွိ ကၽြဲေကာစိုက္ပ်ဳိးသူမ်ားႏွင့္  ႏို၀င္ဘာ ၁၅ ရက္တြင္  ေတြ႕ဆံုမည္ျဖစ္ၿပီး စိုက္ပ်ဳိးမႈ အေျခအေနႏွင့္ စိုက္ပ်ဳိးသည့္ ေျမဧကမ်ားကို စစ္တမ္း ေကာက္ယူမည္ျဖစ္ေၾကာင္း သိရသည္။

 

“ ၿခံစိုက္ေတာင္သူ ဘယ္ေလာက္ရွိလဲ၊ ဘယ္ႏွဧက   စိုက္ပ်ဳိးထားလဲ၊  ဘယ္လို ကၽြဲေကာ အမ်ဳိးအစားေတြကို စိုက္ပ်ဳိးထားလဲ၊ ေနာက္ထပ္တိုးခ်ဲ႕ၿပီး ဘယ္ေလာက္ထိ စိုက္ပ်ဳိးထားလဲ၊ ၿခံေတြကအထြက္ႏႈန္း ဘယ္ေလာက္ရွိလဲဆိုတာ သိရွိႏိုင္ဖို႔ စနစ္တက် ေကာက္ယူမွာပါ ” ဟု ဦးျမင့္သိန္း ကေျပာသည္။

 

လတ္တေလာတြင္ စိုက္ပ်ဳိးေရး ဦးစီးဌာနအျပင္ ျမန္မာႏိုင္ငံ ကၽြဲေကာစိုက္ပ်ဳိးထုတ္ လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းအေနျဖင့္လည္း   တစ္ႏိုင္ငံလံုး အတိုင္းအတာ အထိ အတိအက် စစ္တမ္းေကာက္ယူႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

 

Read More >>>>>  ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

“ အသင္း၀င္ထားတဲ့ သူေတြရွိပါတယ္။မ၀င္ထားတဲ့သူေတြလည္း ရွိေနေသးတယ္။ အသင္းအေနနဲ႔ အခ်ိန္မေပးႏိုင္ေသးတာေရာ ေငြေၾကးအခက္အခဲေၾကာင့္ပါ  ေနရာ ေဒသအႏွံ႔ကို  ရက္ရွည္ မသြားေရာက္ႏိုင္ေသးဘူး။ ေဒသတိုင္း၊ ၿခံတိုင္းကိုသြားႏိုင္မွ အဆင္ေျပမွာပါ။ ေတာင္သူေတြကလည္း  လိုလိုလားလား လက္ခံၿပီး  ေျဖၾကားေပးဖို႔ လိုအပ္ပါတယ္ ” ဟု ဦးျမင့္သိန္း ကေျပာ သည္။

 

ၿပီးခဲ့သည့္ ငါးႏွစ္ခန္႔က ယင္းသို႔စစ္တမ္း ေကာက္ယူခဲ့ေသာ္လည္း ၿခံပိုင္ရွင္တခ်ဳိ႕က လက္မခံသည့္ အတြက္ အခက္အခဲတခ်ဳိ႕ ရွိခဲ့သည္။

 

လတ္တေလာတြင္ ျပည္တြင္း၌ ကၽြဲေကာ စိုက္ပ်ဳိးမႈသည္   ပ်မ္းမွ်အားျဖင့္   ဧက ငါးေထာင္မွ  တစ္ေသာင္း၀န္းက်င္အထိ ရွိၿပီး    တိုင္းေဒသႀကီးႏွင့္   ျပည္နယ္တခ်ဳိ႕၌  တိုးခ်ဲ႕ စိုက္ပ်ဳိးလာေၾကာင္း  သိရသည္။

 

https://www.foodindustrydirectory.com.mm/categories.html

 

ကၽြဲေကာကို ရန္ကုန္တုိင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊    တနသၤာရီတိုင္း ေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔၌ စိုက္ပ်ဳိးလ်က္ရွိၿပီး ေနာက္ပိုင္းတြင္ မႏၱေလးတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္ တို႔၌   တိုးခ်ဲ႕စိုက္ပ်ဳိး လာကာ  ဧရာ၀တီ တိုင္းေဒသႀကီး၌လည္း စိုက္ပ်ဳိးရန္ ႀကိဳးပမ္းလ်က္ ရွိေၾကာင္း သိရသည္။   

 


Source: Myawaddy

Read times Last modified on Thursday, 06 February 2020 16:48
Rate this item
(0 votes)