Food & Livestock
ရောင်းမရ နွားနို့များ ဂါလံသောင်းချီ နေ့စဉ် စွန့်ပစ်နေကြရ
ညဘက် ၇ နာရီမှာ နွားနို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း Golden E Dairy ပိုင်ရှင် Elba ဆီကို ဖုန်းဝင်လာတယ်။
လုပ်ငန်းမှာ ရောင်းမထွက်တဲ့ နွားနို့တွေ နေ့စဉ် ဂါလံ နှစ်သောင်းခွဲကို စွန့်ပစ်ဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ် နွားနို့တွေ ရောင်းဖို့ ဈေးခင်း မရှိလို့ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကျောင်းတွေ၊ ဟိုတယ်တွေ၊ အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းတွေ ပိတ်ထားရလို့ ဝယ်မယ့်သူ မရှိ ဖြစ်နေတယ်။ ဒီနေ့ကစလို့ နေ့တိုင်း တစ်ပတ်ကြာသည်အထိ အခုလို စွန့်ပစ်ဖို့ ညွှန်ကြားတယ်။ တစ်ပတ်ကြာပြီးချိန်မှာ အခြေအနေ မထူးလာရင်အခုလိုပဲ ဆက်လက် စွန့်ပစ်နေရဦးမှာ ဖြစ်ပါတယ်။

Golden E Dairy မှာ နို့စားနွားမ အကောင် ၈၀ ဝန်းကျင်ရှိတယ်။ နွားမွေးမြူရေးကို ၁၉၉၁ ခုနှစ်မှာ စတင်ခဲ့တယ်။
နို့ထွက်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ စက်ရုံတွေကို ရောင်းဖို့ကျပြန်တော့လည်း စက်ရုံတွေ ပိတ်ထားကြတယ်။
ဒီတော့ အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ နွားခြံတွေနည်းတူ လက်ထဲရှိနေတဲ့ နွားနို့တွေ မပုပ်သိုးခင်မှာ စွန့်ပစ်ဖို့ စီစဉ်ထားရတယ်။
Dairy Farmers of America (DFA ) က အခုလို နွားနို့တွေ စွန့်ပစ်နေကြရတဲ့ နွားခြံတွေကို အတိုင်းအတာတစ်ခုအထိ အချိန်ကာလတစ်ရပ်အထိတော့ ဘဏ္ဍာရေး အထောက်အပံ့ပေးသွားဖို့ သဘောတူထားတယ်။ ဒါပေမဲ့ ကာလတိုသာ အခုလို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
DFA ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Kristen Coady က“COVID-19 မရေမရာ မသေမချာ ဖြစ်နေရတာတွေနဲပအတူ စားသုံးသုတွေရဲ့ ဝယ်ယူမှုအကျင့် ပြောင်းလဲနေတယ်။ ဒီတော့ နို့နဲ့ နို့တွက်ပစ္စည်းအတွက် ဝယ်လိုအားတွေလည်း ပြောင်းနေတယ်။ စစချင်းမှာ အလုအယက် ဈေးဝယ်ကြတော့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ ရောင်းကောင်းတယ်။ အထားခံတဲ့ နို့ထွက်ပစ္စည်းတွေက အိမ်တွေမှာ အစုလိုက်အပုံလိုက် ဖြစ်နေပြီ။ အဲဒီမှာ လက်လီအရောင်းတွေ ထိုးကျကုန်တယ်။ ဒီတော့ လတ်ဆတ်တဲ့ နွားနို့ကိုတော့ သူတို့ ဝယ်ဖို့ လိုကြလိမ့်မယ်။ အဲဒီအတွက် နွားနို့ ဖြန့်ဖြူးတာတွေကို ဆိုင်ငယ်လေးတွေအထိ ရပ်ကွက်တွေအရောက် ဖြန့်ဖို့ စလုပ်နေပါတယ်” လို့ ပြောပြတယ်။
ဒါပေမဲ့ လတ်ဆတ်နွားနို့ဈေးကွက်က နဂိုကတည်းကိုက ထုတ်လုပ်မှုပမာဏက ဝယ်လိုအားထက် များနေခဲ့တယ်။ ဒီတော့ အခုလို နွားနို့တွေ ချောင်းစီးအောင် စွန့်ပစ်နေကြရတာကို ဆက်လုပ်နေဦးမယ်လို့ ထင်မြင်ယူဆကြောင်း Golden E Dairy ပိုင်ရှင် Elba က ပြောသည်။
UAS Today
ေရာင္းမရ ႏြားႏို႔မ်ား ဂါလံေသာင္းခ်ီ ေန႔စဥ္ စြန္႔ပစ္ေနၾကရ
ညဘက္ ၇ နာရီမွာ ႏြားႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းလုပ္ငန္း Golden E Dairy ပိုင္ရွင္ Elbaဆီကို ဖုန္း၀င္လာတယ္။ လုပ္ငန္းမွာ ေရာင္းမထြက္တဲ့ ႏြားႏို႔ေတြ ေန႔စဥ္ ဂါလံ ႏွစ္ေသာင္းခြဲကို စြန္႔ပစ္ဖို႔ အေၾကာင္းၾကားတာ ျဖစ္ပါတယ္။ လတ္လတ္ဆတ္ဆတ္ ႏြားႏို႔ေတြ ေရာင္းဖို႔ ေဈးခင္း မရွိလို႔ ျဖစ္ပါတယ္။ စားေသာက္ဆိုင္ေတြ၊ ေက်ာင္းေတြ၊ ဟိုတယ္ေတြ၊ အစားအေသာက္ ၀န္ေဆာင္မႈ လုပ္ငန္းေတြ ပိတ္ထားရလို႔ ၀ယ္မယ့္သူ မရွိ ျဖစ္ေနတယ္။ ဒီေန႔ကစလို႔ ေန႔တိုင္း တစ္ပတ္ၾကာသည္အထိ အခုလို စြန္႔ပစ္ဖို႔ ၫႊန္ၾကားတယ္။ တစ္ပတ္ၾကာၿပီးခ်ိန္မွာ အေျခအေန မထူးလာရင္အခုလိုပဲ ဆက္လက္ စြန္႔ပစ္ေနရဦးမွာ ျဖစ္ပါတယ္။
Golden E Dairy မွာ ႏို႔စားႏြားမ အေကာင္ ၈၀ ၀န္းက်င္ရွိတယ္။ ႏြားေမြးျမဴေရးကို ၁၉၉၁ ခုႏွစ္မွာ စတင္ခဲ့တယ္။
ႏို႔ထြက္ပစၥည္းအမ်ဳိးမ်ဳိး ထုတ္လုပ္တဲ့ စက္႐ုံေတြကို ေရာင္းဖို႔က်ျပန္ေတာ့လည္း စက္႐ုံေတြ ပိတ္ထားၾကတယ္။
ဒီေတာ့ အေမရိကန္တစ္ႏိုင္ငံလုံးမွာ ရွိေနတဲ့ ႏြားျခံေတြနည္းတူ လက္ထဲရွိေနတဲ့ ႏြားႏို႔ေတြ မပုပ္သိုးခင္မွာ စြန္႔ပစ္ဖို႔ စီစဥ္ထားရတယ္။
Dairy Farmers of America (DFA ) က အခုလို ႏြားႏို႔ေတြ စြန္႔ပစ္ေနၾကရတဲ့ ႏြားျခံေတြကို အတိုင္းအတာတစ္ခုအထိ အခ်ိန္ကာလတစ္ရပ္အထိေတာ့ ဘ႑ာေရး အေထာက္အပံ့ေပးသြားဖို႔ သေဘာတူထားတယ္။ ဒါေပမဲ့ ကာလတိုသာ အခုလို ေထာက္ပံ့ေပးႏိုင္မွာ ျဖစ္ပါတယ္။
DFA ရဲ႕ ဒုဥကၠ႒ျဖစ္သူ Kristen Coady က“COVID-19 မေရမရာ မေသမခ်ာ ျဖစ္ေနရတာေတြနဲပအတူ စားသုံးသုေတြရဲ႕ ၀ယ္ယူမႈအက်င့္ ေျပာင္းလဲေနတယ္။ ဒီေတာ့ ႏို႔နဲ႔ ႏို႔တြက္ပစၥည္းအတြက္ ၀ယ္လိုအားေတြလည္း ေျပာင္းေနတယ္။ စစခ်င္းမွာ အလုအယက္ ေဈး၀ယ္ၾကေတာ့ ႏြားႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ ေရာင္းေကာင္းတယ္။ အထားခံတဲ့ ႏို႔ထြက္ပစၥည္းေတြက အိမ္ေတြမွာ အစုလိုက္အပုံလိုက္ ျဖစ္ေနၿပီ။ အဲဒီမွာ လက္လီအေရာင္းေတြ ထိုးက်ကုန္တယ္။ ဒီေတာ့ လတ္ဆတ္တဲ့ ႏြားႏို႔ကိုေတာ့ သူတို႔ ၀ယ္ဖို႔ လိုၾကလိမ့္မယ္။ အဲဒီအတြက္ ႏြားႏို႔ ျဖန္႔ျဖဴးတာေတြကို ဆိုင္ငယ္ေလးေတြအထိ ရပ္ကြက္ေတြအေရာက္ ျဖန္႔ဖို႔ စလုပ္ေနပါတယ္” လို႔ ေျပာျပတယ္။
ဒါေပမဲ့ လတ္ဆတ္ႏြားႏို႔ေဈးကြက္က နဂိုကတည္းကိုက ထုတ္လုပ္မႈပမာဏက ၀ယ္လိုအားထက္ မ်ားေနခဲ့တယ္။ ဒီေတာ့ အခုလို ႏြားႏို႔ေတြ ေခ်ာင္းစီးေအာင္ စြန္႔ပစ္ေနၾကရတာကို ဆက္လုပ္ေနဦးမယ္လို႔ ထင္ျမင္ယူဆေၾကာင္း Golden E Dairy ပိုင္ရွင္ Elba က ေျပာသည္။
UAS Today



