Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုမ္ပဏီက နွားမွေးမြူရေးလုပ်ငန်းကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုက်ပြီ

တရုတ်ကုမ္ပဏီက နွားမွေးမြူရေးလုပ်ငန်းကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုက်ပြီ google.com

တရုတ်နိုင်ငံမှ Kangrui Agriculture Livestock Development Company Limited က မြန်မာနိုင်ငံမှာ နွားမွေးမြူရောင်းချခြင်းလုပ်ငန်းကို စတင်ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

 

အဆိုပါကုမ္ပဏီက နွားမွေးမြူရောင်းချခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စုမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၇) သန်းခန့် ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။

 

ဒါ့ပြင် ကုမ္ပဏီကို တရုတ်နိုင်ငံက Shanghai Penghe Supply Chain Management ကုမ္ပဏီမှ (၉ဝ) ရာခိုင်နှုန်းနဲ့ Dehong Penghe Agriculture Development ကုမ္ပဏီမှ (၁ဝ) ရာခိုင်နှုန်း ရှယ်ယာပါဝင်ထားကြောင်း သိရပါတယ်။

 

''အခုခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းကတော့ ဒီမှာ မွေးမြူလုပ်ကိုင်ပြီး တရုတ်ပြည်ကို အဓိကတင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကဏ္ဍအနေနဲ့လည်း ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုဝင်ဖို့ အလားအလာရှိတယ်ဆိုတာကို စီးပွား/ကူးသန်းဝန်ကြီးဌာနကနေ သိထားရပါတယ်'' လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။


Read More >>>>>  ကနေဒါမှ စားတော်ပဲ တန်ချိန် ငါးသောင်းကို စမ်းသပ်တင်သွင်းမည်


အခုကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ နွားမွေးမြူရောင်းချခြင်း လုပ်ငန်းကဏ္ဍဆီ ပထမဦးဆုံးဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂ဝ၁၇၊ အောက်တိုဘာက ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုပြီးနောက်ပိုင်းမှာ ၎င်းကဏ္ဍဆီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ အခွင့်အလမ်းရှိလာခဲ့ခြင်းဖြစ်ပါတယ်။

 

Source: Pyimyanmar, Myanmar Times

Read times
Rate this item
(1 Vote)