Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်သူများ ပါဝင်နိုင်သည့် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲကျင်းပ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ရွာငံမှ ထွက်ရှိသော ကော်ဖီမျိုးစိပ် (၅) မျိုး၏ အရသာကို ကော်ဖီပညာရှင်များနှင့် အတူ ကော်ဖီချစ်သူများပါဝင်၍ မြည်းစမ်းကြသည့် ကော်ဖီအရည်အသွေး

အကဲဖြတ်ခြင်း (Public Coffee Cupping) အခမ်းအနားကိုမတ်လ (၁၄)ရက်ကရန်ကုန်မြို့ရှိ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်း (Genius Coffee) ရုံးချုပ်တွင် ကျင်းပပြုလုပ်​ခဲ့ပါတယ်။

 

မြန်မာ့ဈေးကွက်တွင်သာမက နိုင်ငံတကာဈေးကွက်သို့ပါ တင်ပို့ ရောင်းချလျက်ရှိသော ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်းသည် မြန်မာနိုင်ငံမှထွက်ရှိသော ကော်ဖီမျိုးများမှာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်သည့် အထူးတန်းဝင်ကော်ဖီ အရည်အသွေး (Specialty Coffee) ဖြစ်ကြောင်း သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတွင် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲ (Coffee Cupping) အခမ်းအနားကို ယခင်က ကျင်းပခဲ့ကြသော်လည်း ကော်ဖီပညာရှင်များသာပါဝင်ပြီး အများပြည်သူများမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

 

Read More >>>>> တွံတေး ကွမ်းဝါနုများ ဈေးချိုချိုဖြင့် ဝင်လာ၍ မော်လမြိုင်ကျွန်းဒေသထွက်ကွမ်းများ ရသည့်ဈေးဖြင့် ရောင်းချကြရ

ယခုကျင်းပသည့် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှထွက်ရှိသည့် ကော်ဖီစေ့နမူနာ ငါးမျိုးကို စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်တို့မှ အကဲဖြတ်ပညာရှင်များ အပါအဝင် မြန်မာနိုင်ငံမှ ကော်ဖီမြည်းစမ်းမှုကျွမ်းကျင်သူ “Q Grader” များက အကဲဖြတ်ကြမည် ဖြစ်ပြီး ကော်ဖီနမူနာအလိုက် အမှတ်ပေးသွားမှာဖြစ်ပါတယ်။

 

ကော်ဖီစေ့နမူနာများမှာ Geisha၊ Pink Bourborn၊ Yellow Cattura၊ Red Cataui နှင့် Saramon တို့ဖြစ်ပါတယ်။ ကော်ဖီနမူနာများကို အထူးတန်းဝင် ကော်ဖီအဖြစ်သတ်မှတ်ရန် အရည်အသွေး၊ ရနံ့နှင့် အရသာများကို သတ်မှတ်ထားသည့် အချက်(၁၀)ချက်နှင့်ကိုက်ညီခြင်း ရှိမရှိ ဆုံးဖြတ်၍ အမှတ်ပေးရခြင်းဖြစ်ပါတယ်။

 

ယနေ့ကျင်းပသည့် ကော်ဖီအရည်အသွေးအကဲဖြတ်သည့် အခမ်းအနားတွင် ပနားမားမှတင်သွင်းပြီး ရွာငံမြို့နယ်တွင် စိုက်ပျိုးသည့် Geisha မျိုးသည် ကော်ဖီပညာရှင်များ၏ တစ်ညီတစ်ညွှတ်တည်း သဘောတူ ဆုံးဖြတ်ချက်ဖြင့် အမှတ် (၉၀) ကျော်ရရှိကာ အကောင်းဆုံးကော်ဖီ အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး အခမ်းအနားကို တက်ရောက်ခဲ့ကြသည့် ကော်ဖီချစ်သူများမှလည်း Geisha မျိုးကို အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရပါတယ်။

 

အောင်နေလင်းထွန်း ကုမ္ပဏီမှ ကော်ဖီ မြည်းစမ်းမှု ပညာရှင်ဖြစ်သူ ကိုကြိုင်ကိုကိုဦးမှ “အထူးတန်းဝင်ကော်ဖီ ဖြစ်ဖို့ဆိုရင်ကော်ဖီစေ့နမူနာ တစ်ခုချင်းစီရဲ့ သန့်ရှင်းမှု၊ ပိုးမွှားကင်းရှင်းမှု၊ မှိုတက်ခြင်း ရှိမရှိ စတာတွေကို အဓိကထားပြီး ကြည့်ရပါတယ်၊ ဒါ့အပြင် ကော်ဖီနမူနာတွေရဲ့ အနံ့၊ အရသာ၊ အရည်အသွေး ထူးခြားကောင်းမွန်မှု အခြေအနေတွေကို ကြည့်ရှုပြီး အမှတ်ပေးရပါတယ်” ဟုပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးသည့် ဧက (၃၅၀၀၀) ကျော်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မန္တလေးတိုင်း တို့တွင် အစိုက်များကြကာ ထုတ်လုပ်မှုပမာဏမှာ (၁၂၀၀၀) မက်ထရစ်တန်ရှိပြီ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှ ထွက်ရှိသော ကော်ဖီများ၏ (၈၅) ရာခိုင်နှုန်းမှာ Arabica ဖြစ်ပြီး၊ (၁၄) ရာခိုင်နှုန်းမှာ Robusta နှင့် (၁) ရာခိုင်နှုန်းမှာ အခြားမျိုးများ ဖြစ်ကြပါတယ်။  မြန်မာနိုင်ငံမှ ကော်ဖီမျိုးများက အထူးတန်းဝင်မျိုးများ ဖြစ်ကြသော်လည်း ထုတ်လုပ်မှု နည်းပညာအားနည်းခြင်းနှင့် ကော်ဖီဈေးကွက်ခိုင်မာမှု မရှိခြင်းတို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ အနေနှင့် ယနေ့တိုင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

 

Genius Coffee ၏ တည်ထောင်သူဖြစ်သူ ဦးငွေထွန်းမှ “ကော်ဖီကို မြည်းစမ်းတဲ့အခါမှာ နိုင်ငံတကာ သတ်မှတ်ချက်အရ အမှတ် (၈၀)ကျော်ရင်အထူးတန်းဝင်မျိုးအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကော်ဖီတွေဟာ အမှတ်(၈၀) နှင့်အထက်မှာရှိပြီးတော့ ရွာငံမြို့နယ်၊ အလယ်ကိုင်းကျေးရွာမှာ စိုက်ပျိုးထားတဲ့ ဂေးရှာ ကော်ဖီတွေဟာ ၉၁.၂၅မှတ်နဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ကော်ဖီအဖြစ် သတ်မှတ်ခြင်းကို ခံရပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ကော်ဖီကို ဉာဏ်ကြီးရှင်ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်းမှ ထုတ်လုပ်နိုင်ခဲ့လို့လည်း ၀မ်းသာဂုဏ်ယူမိပါတယ်။ ပနားမားကနေ လွန်ခဲ့တဲ့ လေးနှစ်က တင်သွင်းခဲ့တဲ့ ကော်ဖီမျိုးကို ကျွန်​တော်တို့ ရွာငံမြို့နယ်မှာ စိုက်ပျိုးခဲ့ပြီး ဒီနှစ်မှာ ပထမဆုံး စသီးတဲ့အတွက် မိတ်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်။ အခုထပ်မံ မိတ်ဆက်လိုက်တဲ့ ရွာငံကထွက်ရှိတဲ့ ကော်ဖီ မျိုးသစ်တွေကလည်း နိုင်ငံတကာဈေးကွက်ကို ထပ်မံထိုး​ဖောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။

 

ကော်ဖီအရည်အသွေးအကဲဖြတ်ပွဲကို ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်များတွင် မိုးကုတ်မြို့၊ ရှမ်းတောင်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် တို့မှ ကော်ဖီစေ့နမူနာများ၏ အရည်အသွေးကိုလည်း ကော်ဖီပညာရှင်များနှင့်အတူပြည်သူများပါပါဝင်၍အကဲဖြတ်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

 

Read times Last modified on Friday, 15 March 2019 16:35
Rate this item
(3 votes)