Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပကို ဆန်ပို့မည့်သူများလိုင်စင်လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်ကြေညာ

ပင်လယ်ရေကြောင်းမှတစ်ဆင့်ဆန်တင်ပို့မည့် ကုမ္ပဏီများအနေဖြင့်
တင်ပို့နိုင်သည့်ပမာဏကိုသာ လိုင်စင်လျှောက်ထားရန်နှင့်လိုင်စင်ကို အခြားသူထံ လွှဲပြောင်းရောင်းချခြင်း၊ ဝယ်ယူခြင်းများ မပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားကြောင်းသိရသည်။
ပြည်ပကို ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့ရန်ကုမ္ပဏီ ၁၀၃ ခုကို အဆိုပြုတင်ပြထားပြီး အဆိုပါ အဆိုပြုတင်ပြထားသည့် ကုမ္ပဏီစာရင်းထဲတွင် မပါဝင်ပေမယ့် ပြည်ပကို ဆန်တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအနေနှင့်လည်း ၁၂၅ တန်အထိ တင်ပို့ဖို့ လျှောက်ထားနိုင်မည်ဖြစ်သည်။
သို့သော်လိုင်စင်လျှောက်ထားရာ၌ အစိုးရက သတ်မှတ်ထားသည့် အရန် ဆန် ၁၀ ရာခိုင်နှုန်းအတွက် ၂၅ မှတ် ဆန် ၁၀၈ ပေါင် တစ်အိတ်ကို ၂၁၆၀၀ ကျပ်နှင့်စားသုံးသူရေးရာ ဦးစီးဌာန ကို ပေးသွင်းပြီးမှ လျှောက်ထားရမည်ဖြစ်ပြီး ဆန်တင်ပို့သူ မဟုတ်ပါကလည်း အရန်ဆန်များကို သတ်မှတ်ဈေးနှုန်းနှင့် အရည်အသွေးအတိုင်း ရောင်းချနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင်အရန်ဆန်သွင်းရမယ့် သိုလှောင်ရုံများကို ရန်ကုန်တိုင်းမှာ ၅ ခုနဲ့ မန္တလေးတိုင်းမှာ ၂ ခု သတ်မှတ်ထားပြီး သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနနှင့်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အား ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Read times
Rate this item
(0 votes)