Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်ချဉ် ဈေးနှုန်း ကျဆင်းခြင်းကြောင့် အမြတ်နည်း

Unicode

သရက်ချဉ် ဈေးနှုန်း ကျဆင်းခြင်းကြောင့် အမြတ်နည်း

 

မန္တလေးတိုင်းဒေသကြီး   အမရပူရမြို့နယ်အတွင်းရှိ သရက်ခြံများတွင် သရက်ချဉ် (သရက်သီးဓားပေါက်)များကို ပြုလုပ်ရောင်းချလျက်ရှိရာ ဈေးနှုန်းကျဆင်းခြင်းကြောင့်  ယခုအခါ အကျိုးအမြတ် နည်းပါးနေကြောင်း သိရပါတယ်။

 

ယခင်နှစ် သင်္ကြန်မတိုင်မီကာလတွင် သရက်ချဉ် ရောင်းအားကောင်းပြီး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ အထိ ရောင်းချရပြီး ယခုနှစ် COVID-19 ရောဂါကြောင့် သရက်ချဉ် (သရက်သီးဓားပေါက်)များကို ဝယ်သူ နည်းပါးသည့်အတွက် တစ်ပိဿာလျှင်    ငွေကျပ်လေးရာဖြင့် ဈေးလျှော့ ရောင်းချနေရကြောင်း သရက်တန်းရွာမှ သရက်ချဉ် ရောင်းချသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

သရက်ချဉ်ပြုလုပ်ရာတွင် ဓားပေါက်လှီးပြီးသား သရက်သီးများကို  ရာဝင်စဉ့်အိုးများ အတွင်းသွင်းကာ ဆားစိမ်ခြင်းပြုလုပ်ရသည်။ ဆားစိမ်ပြီး တစ်ရက်ခန့်အကြာတွင်   သရက်ချဉ် အဝါရောင်သန်းလာချိန် မောင်းဖြင့်ဖိပေးရသည်။  မောင်းစင်တင်ပြီးသည်နှင့်  သရက်ချဉ်ဖတ် သိပ်နင်းပေးထားပြီး လေလုံအောင်ပြုလုပ်ကာ   သရက်ရာသီ ကုန်သည့်အခါမှသာ သရက်ချဉ်ကို ဈေးကွက်အတွင်း ရောင်းချခဲ့ကြပါတယ်။

 

ယခုနှစ် သင်္ကြန်မတိုင်မီ ရောင်းချသော သရက်ချဉ် တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝ ဖြင့်ရောင်းချနေရပြီး  ဝယ်ယူသူ အနည်းစုမှာ သရက်ချဉ်သုပ် ပြုလုပ်ရန်နှင့် သရက်သီး အခြောက်လှန်းရန်အတွက် ဝယ်ယူကြသဖြင့် ရောင်းချသူများ  အကျိုးအမြတ်နည်းပါးကြောင်း သိရပါတယ်။

#MFID

 

Home Page Food

 

COVID 19

Zawgyi

 

သရက္ခ်ဥ္ ေစ်းႏႈန္း က်ဆင္းျခင္းေၾကာင့္ အျမတ္နည္း

 

မႏၲေလးတိုင္းေဒသႀကီး   အမရပူရၿမိဳ႕နယ္အတြင္းရွိ သရက္ၿခံမ်ားတြင္ သရက္ခ်ဥ္ (သရက္သီးဓားေပါက္)မ်ားကို ျပဳလုပ္ေရာင္းခ်လ်က္ရွိရာ ေစ်းႏႈန္းက်ဆင္းျခင္းေၾကာင့္  ယခုအခါ အက်ဳိးအျမတ္ နည္းပါးေနေၾကာင္း သိရပါတယ္။

 

ယခင္ႏွစ္ သႀကၤန္မတိုင္မီကာလတြင္ သရက္ခ်ဥ္ ေရာင္းအားေကာင္းၿပီး တစ္ပိႆာလွ်င္ ေငြက်ပ္ ၁ဝဝဝ အထိ ေရာင္းခ်ရၿပီး ယခုႏွစ္ COVID-19 ေရာဂါေၾကာင္႔ သရက္ခ်ဥ္ (သရက္သီးဓားေပါက္)မ်ားကို ဝယ္သူ နည္းပါးသည့္အတြက္ တစ္ပိႆာလွ်င္    ေငြက်ပ္ေလးရာျဖင့္ ေစ်းေလွ်ာ့ ေရာင္းခ်ေနရေၾကာင္း သရက္တန္းရြာမွ သရက္ခ်ဥ္ ေရာင္းခ်သူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

 

သရက္ခ်ဥ္ျပဳလုပ္ရာတြင္ ဓားေပါက္လွီးၿပီးသား သရက္သီးမ်ားကုိ  ရာဝင္စဥ့္အိုးမ်ား အတြင္းသြင္းကာ ဆားစိမ္ျခင္းျပဳလုပ္ရသည္။ ဆားစိမ္ၿပီး တစ္ရက္ခန္႔အၾကာတြင္   သရက္ခ်ဥ္ အဝါေရာင္သန္းလာခ်ိန္ ေမာင္းျဖင့္ဖိေပးရသည္။  ေမာင္းစင္တင္ၿပီးသည္ႏွင့္  သရက္ခ်ဥ္ဖတ္ သိပ္နင္းေပးထားၿပီး ေလလံုေအာင္ျပဳလုပ္ကာ   သရက္ရာသီ ကုန္သည့္အခါမွသာ သရက္ခ်ဥ္ကို ေစ်းကြက္အတြင္း ေရာင္းခ်ခဲ့ၾကပါတယ္။

 

ယခုႏွစ္ သႀကၤန္မတိုင္မီ ေရာင္းခ်ေသာ သရက္ခ်ဥ္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၄ဝဝ ျဖင့္ေရာင္းခ်ေနရၿပီး  ဝယ္ယူသူ အနည္းစုမွာ သရက္ခ်ဥ္သုပ္ ျပဳလုပ္ရန္ႏွင့္ သရက္သီး အေျခာက္လွန္းရန္အတြက္ ဝယ္ယူၾကသျဖင့္ ေရာင္းခ်သူမ်ား  အက်ဳိးအျမတ္နည္းပါးေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Friday, 24 April 2020 12:47
Rate this item
(0 votes)