Food & Livestock



တညင်းကုန်းလက်ကားဈေး MAEX ရန်ကုန် စတော့အိတ်ချိန်း အဋ္ဌမမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာ

တညင်းကုန်းလက်ကားဈေး MAEX ရန်ကုန် စတော့အိတ်ချိန်း အဋ္ဌမမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တညင်းကုန်းလက်ကားဈေး လုပ်ကိုင်သည့် Myanmar Agro Exchange Public Co., Ltd. သည် ရန်ကုန် စတော့အိတ်ချိန်း အဋ္ဌမမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာကြောင်း ဒဂုန်အင်တာနေရှင်နယ် လီမိတက်မှ အသိပေးကြေညာသည်ကို ဖော်ပြအပ်ပါသည်။

နေ့ စွဲ ၊ ၂၀၂၃ ခုနှစ်၊ ဇွန် လ ( ၁၂ ) ရက်။

သတင်း ထုတ်ပြန်ချက်

ကျွန်ုပ်တို့ Myanmar Agro Exchange Public Co., Ltd. သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ တွင် ရန်ကုန် စတော့အိတ်ချိန်း (YSX) မှ စာရင်းဝင် ကုမ္ပဏီအဖြစ် ခွင်ပြုချက်ရရှိပြီး၊ ရန်ကုန် စတော့အိတ်ချိန်း (YSX) တွင် အဋ္ဌမမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာကြောင်း ဝမ်းမြောက်စွာဖြင့် ကြေငြာအပ်ပါသည်။ ကျွန်ုပ်တို့သည် ရင်းနှီးမြှုပ်နှံသူများအား Listing Date (Trading စတင်မည်ရက်) နှင့် Base. Price တို့အတွက်ကို ထပ်မံကြေငြာ ပေးသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) နှင့် ရန်ကုန် စတော့အိတ်ချိန်း (YSX) တို့အား YSX ၏ စာရင်းဝင်ရန် စံသတ်မှတ်ချက်များနှင့်အညီ စေ့စပ်သော စိစစ်မှုများ ပြုလုပ်ပြီး ယုံကြည်စိတ်ချစွာဖြင့် စာရင်းဝင်ခွင့်ပြုခဲ့သည့်အတွက် အစုရှယ်ယာရှင်များ၏ ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။

 

ကုမ္ပဏီ သမိုင်ကြောင်း

ကျွန်ုပ်တို့၏ Myanmar Agro Exchange Public Co., Ltd. သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာအသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဉ်အရ ဆောင်ရွက်မည့် တညင်းကုန်း အဆင့်မြင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်း စီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ် လီမိတက်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါ စည်းကမ်းချက်တွင်ပါဝင်သော အများပိုင်ကုမ္ပဏီ တည်ထောင်ရန် လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ် လီမိတက်သည် မူလကမကထပြု တည်ထောင်သူ အဖြစ် အစုရှယ်ယာ ၄၅% ထည်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အများပိုင်ကုမ္ပဏီ အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။

ဒဂုန်အင်တာနေရှင်နယ် လီမိတက်သည် ဒဂုန်ကုမ္ပဏီ အုပ်စု၏ ဦးဆောင် ကုမ္ပဏီဖြစ်ပြီး၊ ဒဂုန်ကုမ္ပဏီ အုပ်စုသည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံး နှင့် လေးစားခြင်းခံရသော ကုမ္ပဏီအုပ်စုတွင် ပါဝင်ပါသည်။ ဒဂုန်အင်တာ နေရှင်နယ် လီမိတက်သည် ၁၉၉၀ ပြည်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေး၊ အိမ်ယာအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်၊ ခရီးသွားလာမှုစသော ဆောင်ရွက်မှု လုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်၊ အစားအသောက် နှင့် စက်သုံဆီ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်းများ စသည်တို့ လုပ်ကိုင်သော ကုမ္ပဏီအုပ်စု ဖြစ်ပါသည်။ အင်းစိန်မြို့နယ် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် လက်ကားဈေးကို တည်ဆောက် အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် မြန်မာအက်ဂရိုအိတ်ချိန်းအများနှင့်ဆိုင်သော ကုမ္ပဏီလီမိတက်တို့သည် ၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်ဆိုင်သော ကုမ္ပဏီလီမိတက်အား ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စာရင်းမဝင်သော အများပိုင်ကုမ္ပဏီ အဖြစ် အများပြည်သူသို့ အစုရှယ်ယာများ ထုတ်ဝေ ရောင်းချခွင့်ပြုခဲ့ပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ တညင်းကုန်း အဆင့်မြင့် လက်ကားဈေးကို ရင်းနှီးဆောက်လုပ် အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တညင်းကုန်း အဆင့်မြင့် လက်ကားဈေးဆိုင်များ အဆင့် (၁) (Phase 1) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး၊ ယခုအခါ ဈေးရုံအတွင်း လက်လီ၊ လက်ကားရောင်းချသူ ၁၇၂၄ ဦး ရှိနေပြီး ဖြစ်ပါသည်။

MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.

No. 262-264, Pyay Road, 
Dagon Centre (1), 
Block (A), 4th Floor, 
Sanchaung Township, 
Yangon, Myanmar.
 Tel: 95-1-503928, 503929, 514226
  Fax: 95-1-516616
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 
Read times Last modified on Tuesday, 13 June 2023 18:38
Rate this item
(0 votes)