Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပွင့်လင်းရာသီအကြိုတွင် ငါးပိ/ ငါးခြောက်ဈေးနှုန်း တည်ငြိမ်နေသော်လည်းပွင့် လင်းရာသီတွင် ဈေးနှုန်းမြင့် တက်နိုင်ဟု ခန့်မှန်း

ငါးပိ၊ ငါးခြောက်ပြုလုပ်သည့် ငါးကုန်ကြမ်းဈေးနှုန်း ကျဆင်းနေသဖြင့်  ပွင့်လင်းရာသီ အကြိုတွင် ငါးပိ၊ ငါးခြောက်ဈေးနှုန်း

တည်ငြိမ်နေသော်လည်း ပွင့်လင်းရာသီတွင် ဈေးနှုန်းမြင့်တက်နိုင်ဟု   ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်ထံမှ သိရသည်။

 

လက်ရှိတွင် ငါးဖမ်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပင်လယ်ပြင်မှ ငါးများသာမက မြစ်ချောင်းအင်းအိုင်များမှ  ရေချိုငါးများ ဖမ်းယူရရှိမှုများသဖြင့်  ငါးပိ၊ ငါးခြောက် ထုတ်လုပ်ရန် ငါးကုန်ကြမ်းများ ပေါများကာ ဈေးနှုန်း ကျဆင်းနေခြင်းဖြစ် သည်။

 

''အခုငါးပိ၊ ငါးခြောက်ဈေးက တည်ငြိမ်တဲ့ သဘောရှိတယ်။ တခြားပစ္စည်းတွေ ဈေးတက်ပေမယ့် ငါးပိ၊ ငါးခြောက်ဈေးက မတက်ဘူး။ မနှစ်ကမိုးတွင်းဈေးနဲ့ ဒီနှစ်မှာ ငါးပိဈေးရော၊ ငါးခြောက်ဈေးရော အတူတူပဲ။ အခု အရောင်းအဝယ်ကနည်းနည်းပါးသေးတယ်။

 

ဒီနှစ်ရာသီဥတုက  မိုးနည်းနည်းများတဲ့ အတွက်   သုံးလပိတ်ပြီး  ပြန်ဖွင့်တဲ့အခါ ငါးကုန်ကြမ်း တော်တော်များများ ရတဲ့အတွက် ဈေးနှုန်းတွေလည်း ကျနေတယ်။  ပွင့်လင်းရာသီမရောက်ခင် ဈေးနှုန်းတည်ငြိမ်ပြီး ပွင့်လင်း ရာသီရောက်ရင် ဈေးတက်မယ့် အရိပ်အယောင် တွေ့ရတယ်''  ဟု  ဦးထွန်းစိန်က ပြောသည်။

 

ငါးပိ၊  ငါးခြောက်ကုန်ကြမ်း ဖြစ်သည့် ပင်လယ်ငါးသည် ယခင်က ပျမ်းမျှတစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ ခန့်သာ ရှိသော်လည်း လက်ရှိတွင် ငွေကျပ် ၁၂ဝဝ ရှိကြောင်း၊  ယခင် ငွေကျပ် ၁၂ဝဝ  ရှိသည့် ပင်လယ်ငါးမှာ လက်ရှိတွင် ငွေကျပ် ၈၅ဝ ခန့်သာ ရှိကြောင်း၊ ယခုအခါ ပင်လယ်ငါးအပြင် ရေချိုငါးများမှာလည်း ပေါများလာကြောင်းနှင့် လက်ရှိတွင် ငါးပိ၊ ငါးခြောက်များကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

 

ငါးပိ၊ ငါးခြောက်များကို ပင်လယ်ငါးများ ဖြစ်သည့် ငါးတံခွန်၊ ငါးပြက်၊ ငါးပုလွေ၊  ငါးရောင်၊  ငါးယက် စသည့်ငါးများနှင့် ရေချိုငါးများဖြစ်သည့် ငါးရံ့၊  ငါးခူ၊ ငါးစင်ရိုင်း၊  ငါးပြေမများ အသုံးပြု၍   ပြုလုပ်ကြောင်း  သိရသည်။

Source: Myawady

 

 

Read times
Rate this item
(2 votes)