Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ချက်ပြုတ်ရန် အရံသင့် meal kit ဈေးကွက် စန်းပွင့်

ချက်ပြုတ်ရန်အသင့် meal kit ဈေးကွက်ဟာ ကိုဗစ်ကြောင့် အိမ်မှာ နေကြရသူတွေ

မီးဖိုချောင်မှာ ချက်နေကျ မဟုတ်တာတွေ ချက်ကြပြုတ်ကြတာကြောင့် ရောင်းအားတက်လာတယ်။ အထူးသဖြင့် အထူးပြု meal kit တွေကို အိမ်တိုင်ယာရောက် ပေးပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်လာကြတဲ့အခါ ရောင်းအား ပိုကောင်းသွားတယ်။ အရံသင့် ခေါက်ဆွဲခြောက်ထုပ်တွေကို စားရတာ ငြီးငွေ့လာတာကြောင့် meal kit ကို ရွေးချယ်လာကြတာကိုလည်း တွေ့ကြရတယ်။

အရံသင့် ခေါက်ဆွဲခြောက်ထုပ်တွေလိုပဲ meal kit က ဟင်းလျာတစ်ခွက် ချက်ဖို့ လွယ်ကူတဲ့အပြင် ကရိကတ နည်းအောင် အဆင့်သင့် လုပ်ပေးထားတယ်။ ဒါပေမဲ့ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ ကွာခြားချက်က meal kit က သက်သာလွယ်ကူတဲ့အပြင် လတ်ဆတ်မှုကိုပါ ပေးအပ်တယ်။
စားသုံးသူတွေက လွယ်ကူမြန်ဆန်ခြင်းနဲ့အတူ လတ်ဆတ်ခြင်းကိုပါ ရချင်ကြတဲ့ ရွေးချယ်မှုကို meal kit ထုတ်လုပ်သူတွေ ဖြည့်ဆည်းကြရတယ်။
ရောင်းချမှုပုံစံက အမှာစာအရ ပေးပို့ရတာမို့ လက်လီအရောင်းပုံစံဖြင့် လုပ်ကိုင်ကြရတယ်။

meal kit ထုတ်လုပ်ရောင်းချမှုမှာ ထင်ရှားတဲ့ လုပ်ငန်းတွေထဲမှာ အမေရိကန်မှ Blue Apronနဲ၌ Home Chef ၊ ကိုရီးယားမှ Mogo တို့ ပါဝင်တယ်။

ကိုရီးယားမှာ အရံသင့် meal kit ဈေးကွက် ထွန်းကားလာတဲ့အခါ ထင်ရှားတဲ့ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းတွေက meal kit ကို မဖြစ်မနေ ထုတ်လုပ်ပြီး ဈေးကွက်ဝေစု ရရှိဖို့ ကြိုးပမ်းကြတယ်။ Korea Yakult, CJ Cheiljedang နဲ့ Hyundai တို့ဟာ ကိုယ်ပိုင်စတိုင်များဖြင့်
meal kit တွေ ထုတ်လုပ်ပြီး ကိုယ်ပိုင် အမှတ်တံဆိပ်တွေ ထူထောင်ကာ လုပ်ကိုင်နေတာ အတိုင်း အတတာ တစ်ခုအထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။
"meal kit ထုတ်ကုန်တွေ ရေပန်းစားနေတယ်။ တစ်ကိုယ်တည်း နေတဲ့သူတွေအပြင် မိသားစု အတူစားကြဖို့ ချက်ပြုတ်ကြတဲ့သူတွေကလည်း meal kit ကို ရွေးချယ်လာကြတယ်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပြီး လတ်ဆတ်တဲ့အမယ်တွေ ပါတာကို သူတို့ ကြိုက်ကြတယ်" လို့
Korea Yakult မှ Marketing Director ဖြစ်သူ Kim Dong-ju က ပြောပြပါတယ်။

အမှာစာရတော့မှ ပြင်ဆင်ထုပ်ပိုးတာဖြစ်လို့ အနည်းဆုံးတစ်ရက်ကြိုမှာဖို့ လိုအပ်ပြီး ပေးပို့ရမယ့်နေ့ မတိုင်ခင်နေ့ မွန်းလွဲ ၂ နာရီမှာ အမှာစာ အရောင်းပိတ်ပါတယ်။

"ဟင်းလျာထဲ ထည့်ချက်မယ့်အမယ်တွေကို ဝယ်ဖို့ ကုန်စုံဆိုင်ကို သွားပြီး တစ်မျိုးချင်းစီ လိုက်ရှာဝယ်နေဖို့ မလိုတော့တဲ့အပြင် ဟင်းအိုးထဲ ထည့်ဖို့ အသင့်အခြေအနေဖြင့် ရရှိတယ်။ ပြီးတော့ တစ်ခါချက်စာ နည်းနည်းလေးပဲ ဝယ်လို့ မရတာကြောင့် လိုလိုမလိုလို ပိုဝယ်နေရတာ မဖြစ်တော့ဘူး။ စံပြုထားတဲ့ ချက်နည်း ပြုတ်နည်းအရ ဘယ်ဟာ ဘယ်လောက် ထည့်ချက်ရမလဲဆိုတဲ့ သတ်မှတ်ချက်တွေအတိုင်း ထည့်ပေးပြီး ထုပ်ပိုးပေးထားတော့ ဘူးဖောက်ပြီး တန်းချက်လိုက်ရုံပဲ" လို့ Kim Dong-ju က ပြောပြပါတယ်။
Yakult က ကိုဗစ်ကာလ လွန်မြောက်တဲ့အခါ ၂၄ နာရီပတ်လည် ပို့ပေးတဲ့ ဝန်ဆောင်မှုကို စတင်ဖို့ အသင့်ပြင်ဆင်ထားတယ်။
Yakult ရဲ့ ပြိုင်ဘက်က CJ Cheiljedang အမှတ်တံဆိပ် ဖြစ်ပါတယ်။ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းကြီး ဖြစ်တဲ့ CJ Group ရဲ့ လက်တံတစ်ခု ဖြစ်ပါတယ်။

ထုံးစံအတိုင်း ချက်ပြုတ်ရင် တစ်နာရီမက အချိန်ကုန်မှာကို မိနစ်နှစ်ဆယ်ဖြင့် ချက်ပြုတ်ပြီးစီးမယ့် meal kit တွေ ထုတ်လုပ်ပေးတာကြောင့် နာမည်ရနေတဲ့အပြင် အရသာကောင်းမွန်နေတာကလည်း ရောင်းအားတက်စေပါတယ်။ ပါဝင်ပစ္စည်းများအားလုံးသည်လျှို့ဝှက်အချိုးနှင့်ကောင်းမွန်စွာ ရောနှောထားသည်။ စားသုံးသူများအနေဖြင့် အိမ်တွင်ချက်ပြုတ်ရန် အိပ်မက်ပင်လျှင် မမက်ခဲ့ဖူးသောအရာကို အလွယ်တကူချက်ပြုတ်နိုင်အောင် လုပ်ပေးထားတယ်။

ချက်ပြုတ်ရန်အသင့် meal kit ကို တခြားနိုင်ငံတွေမှာလည်း တွေ့ရပါတယ်။ အမေရိကန်မှာ Blue Apron က နာမည်ရတယ်။ အင်ဒိုနီးရှားမှာ Black Garlic ဟာ အောင်မြင်စ ပြုနေပြီဖြစ်တဲ့ ချက်ပြုတ်ရန်အသင့် meal kit လုပ်ငန်းသစ် ဖြစ်ပါတယ်။ ဂျာမနီမှာဆိုရင် HelloFresh ရှိတယ်။

 

zawgyi

ခ်က္ျပဳတ္ရန္ အရံသင့္ meal kit ေဈးကြက္ စန္းပြင့္

ခ်က္ျပဳတ္ရန္အသင့္ meal kit ေဈးကြက္ဟာ ကိုဗစ္ေၾကာင့္ အိမ္မွာ ေနၾကရသူေတြ မီးဖိုေခ်ာင္မွာ ခ်က္ေနက် မဟုတ္တာေတြ ခ်က္ၾကျပဳတ္ၾကတာေၾကာင့္ ေရာင္းအားတက္လာတယ္။ အထူးသျဖင့္ အထူးျပဳ meal kit ေတြကို အိမ္တိုင္ယာေရာက္ ေပးပို႔တဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြနဲ႔ လက္တြဲလုပ္ကိုင္လာၾကတဲ့အခါ ေရာင္းအား ပိုေကာင္းသြားတယ္။ အရံသင့္ ေခါက္ဆြဲေျခာက္ထုပ္ေတြကို စားရတာ ၿငီးေငြ႕လာတာေၾကာင့္ meal kit ကို ေ႐ြးခ်ယ္လာၾကတာကိုလည္း ေတြ႕ၾကရတယ္။

အရံသင့္ ေခါက္ဆြဲေျခာက္ထုပ္ေတြလိုပဲ meal kit က ဟင္းလ်ာတစ္ခြက္ ခ်က္ဖို႔ လြယ္ကူတဲ့အျပင္ ကရိကတ နည္းေအာင္ အဆင့္သင့္ လုပ္ေပးထားတယ္။ ဒါေပမဲ့ ေခါက္ဆြဲေျခာက္ထုပ္ေတြနဲ႔ ကြာျခားခ်က္က meal kit က သက္သာလြယ္ကူတဲ့အျပင္ လတ္ဆတ္မႈကိုပါ ေပးအပ္တယ္။
စားသုံးသူေတြက လြယ္ကူျမန္ဆန္ျခင္းနဲ႔အတူ လတ္ဆတ္ျခင္းကိုပါ ရခ်င္ၾကတဲ့ ေ႐ြးခ်ယ္မႈကို meal kit ထုတ္လုပ္သူေတြ ျဖည့္ဆည္းၾကရတယ္။
ေရာင္းခ်မႈပုံစံက အမွာစာအရ ေပးပို႔ရတာမို႔ လက္လီအေရာင္းပုံစံျဖင့္ လုပ္ကိုင္ၾကရတယ္။

meal kit ထုတ္လုပ္ေရာင္းခ်မႈမွာ ထင္ရွားတဲ့ လုပ္ငန္းေတြထဲမွာ အေမရိကန္မွ Blue Apronနဲ၌ Home Chef ၊ ကိုရီးယားမွ Mogo တို႔ ပါဝင္တယ္။

ကိုရီးယားမွာ အရံသင့္ meal kit ေဈးကြက္ ထြန္းကားလာတဲ့အခါ ထင္ရွားတဲ့ စားေသာက္ကုန္ႏွင့္ အေဖ်ာ္ယမကာလုပ္ငန္းေတြက meal kit ကို မျဖစ္မေန ထုတ္လုပ္ၿပီး ေဈးကြက္ေဝစု ရရွိဖို႔ ႀကိဳးပမ္းၾကတယ္။ Korea Yakult, CJ Cheiljedang နဲ႔ Hyundai တို႔ဟာ ကိုယ္ပိုင္စတိုင္မ်ားျဖင့္
meal kit ေတြ ထုတ္လုပ္ၿပီး ကိုယ္ပိုင္ အမွတ္တံဆိပ္ေတြ ထူေထာင္ကာ လုပ္ကိုင္ေနတာ အတိုင္း အတတာ တစ္ခုအထိ ေအာင္ျမင္ေနၿပီ ျဖစ္ပါတယ္။
"meal kit ထုတ္ကုန္ေတြ ေရပန္းစားေနတယ္။ တစ္ကိုယ္တည္း ေနတဲ့သူေတြအျပင္ မိသားစု အတူစားၾကဖို႔ ခ်က္ျပဳတ္ၾကတဲ့သူေတြကလည္း meal kit ကို ေ႐ြးခ်ယ္လာၾကတယ္။ က်န္းမာေရးနဲ႔ ပိုညီၫႊတ္ၿပီး လတ္ဆတ္တဲ့အမယ္ေတြ ပါတာကို သူတို႔ ႀကိဳက္ၾကတယ္" လို႔
Korea Yakult မွ Marketing Director ျဖစ္သူ Kim Dong-ju က ေျပာျပပါတယ္။

အမွာစာရေတာ့မွ ျပင္ဆင္ထုပ္ပိုးတာျဖစ္လို႔ အနည္းဆုံးတစ္ရက္ႀကိဳမွာဖို႔ လိုအပ္ၿပီး ေပးပို႔ရမယ့္ေန႔ မတိုင္ခင္ေန႔ မြန္းလြဲ ၂ နာရီမွာ အမွာစာ အေရာင္းပိတ္ပါတယ္။

"ဟင္းလ်ာထဲ ထည့္ခ်က္မယ့္အမယ္ေတြကို ဝယ္ဖို႔ ကုန္စုံဆိုင္ကို သြားၿပီး တစ္မ်ိဳးခ်င္းစီ လိုက္ရွာဝယ္ေနဖို႔ မလိုေတာ့တဲ့အျပင္ ဟင္းအိုးထဲ ထည့္ဖို႔ အသင့္အေျခအေနျဖင့္ ရရွိတယ္။ ၿပီးေတာ့ တစ္ခါခ်က္စာ နည္းနည္းေလးပဲ ဝယ္လို႔ မရတာေၾကာင့္ လိုလိုမလိုလို ပိုဝယ္ေနရတာ မျဖစ္ေတာ့ဘူး။ စံျပဳထားတဲ့ ခ်က္နည္း ျပဳတ္နည္းအရ ဘယ္ဟာ ဘယ္ေလာက္ ထည့္ခ်က္ရမလဲဆိုတဲ့ သတ္မွတ္ခ်က္ေတြအတိုင္း ထည့္ေပးၿပီး ထုပ္ပိုးေပးထားေတာ့ ဘူးေဖာက္ၿပီး တန္းခ်က္လိုက္႐ုံပဲ" လို႔ Kim Dong-ju က ေျပာျပပါတယ္။
Yakult က ကိုဗစ္ကာလ လြန္ေျမာက္တဲ့အခါ ၂၄ နာရီပတ္လည္ ပို႔ေပးတဲ့ ဝန္ေဆာင္မႈကို စတင္ဖို႔ အသင့္ျပင္ဆင္ထားတယ္။
Yakult ရဲ႕ ၿပိဳင္ဘက္က CJ Cheiljedang အမွတ္တံဆိပ္ ျဖစ္ပါတယ္။ စားေသာက္ကုန္ႏွင့္ အေဖ်ာ္ယမကာလုပ္ငန္းႀကီး ျဖစ္တဲ့ CJ Group ရဲ႕ လက္တံတစ္ခု ျဖစ္ပါတယ္။

ထုံးစံအတိုင္း ခ်က္ျပဳတ္ရင္ တစ္နာရီမက အခ်ိန္ကုန္မွာကို မိနစ္ႏွစ္ဆယ္ျဖင့္ ခ်က္ျပဳတ္ၿပီးစီးမယ့္ meal kit ေတြ ထုတ္လုပ္ေပးတာေၾကာင့္ နာမည္ရေနတဲ့အျပင္ အရသာေကာင္းမြန္ေနတာကလည္း ေရာင္းအားတက္ေစပါတယ္။ ပါဝင္ပစၥည္းမ်ားအားလုံးသည္လွ်ိဳ႕ဝွက္အခ်ိဳးႏွင့္ေကာင္းမြန္စြာ ေရာေႏွာထားသည္။ စားသုံးသူမ်ားအေနျဖင့္ အိမ္တြင္ခ်က္ျပဳတ္ရန္ အိပ္မက္ပင္လွ်င္ မမက္ခဲ့ဖူးေသာအရာကို အလြယ္တကူခ်က္ျပဳတ္ႏိုင္ေအာင္ လုပ္ေပးထားတယ္။

ခ်က္ျပဳတ္ရန္အသင့္ meal kit ကို တျခားႏိုင္ငံေတြမွာလည္း ေတြ႕ရပါတယ္။ အေမရိကန္မွာ Blue Apron က နာမည္ရတယ္။ အင္ဒိုနီးရွားမွာ Black Garlic ဟာ ေအာင္ျမင္စ ျပဳေနၿပီျဖစ္တဲ့ ခ်က္ျပဳတ္ရန္အသင့္ meal kit လုပ္ငန္းသစ္ ျဖစ္ပါတယ္။ ဂ်ာမနီမွာဆိုရင္ HelloFresh ရွိတယ္။

Read times
Rate this item
(0 votes)