Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဥရောပမှ မြန်မာ့ဆန်ဝယ်ယူမှု မြင့်တက်လာ

ဥရောပသမဂ္ဂ (EU) GSP အခွန်သက်သာခွင့်အပြင် မြန်မ့ာဆန်ဈေးနှုန်းမှာ အိမ်နီးချင်းနိုင်ငံများ၏ ဆန်ဈေးနှုန်းများထက် သက်သာသောကြောင့် ယခုနှစ်ရာသီအတွင်း EU

အနေဖြင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု တစ်ဆခန့်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်အသစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မ့ာဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့၍ နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

EU နိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး (GSP) သည် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများသို့ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အကောက်အခွန်သက်သာခွင့် အထူးအခွင့်အရေးကို မြန်မာနိုင်ငံမှ ဆန်များကို EU နိုင်ငံများဘက်သို့ တင်သွင်းမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

ယင်းအပြင် မြန်မာနိုင်ငံမှ တင်ပို့နေသောဆန်များသည် ပြည်ပသို့ဆန်အဓိကတင်ပို့နေရသည့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ဆန်များနှင့်နှိုင်းယှဉ်ပါက အရည်အသွေးကွာခြားမှုနည်းလာခြင်းအပြင် ဈေးနှုန်းအားဖြင့်လည်း ဆန်တန်ချိန်တစ်တန်ကို အနိမ့်ဆုံး ၁၅ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ သက်သာခြင်းကြောင့် EU နိုင်ငံများဘက်မှ ယခုကဲ့သို့ ၀ယ်လိုအားမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: Daily Eleven

Read times Last modified on Tuesday, 18 September 2018 13:19
Rate this item
(0 votes)