Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ပြန်လည်စတင်ပြီး ဈေးကွက်အဝယ် လိုက်လာ

လက်ရှိတွင် ထိုင်းနိုင်ငံသို့  အုန်းသီးတင်ပို့မှု ပြန်လည်စတင်လျက်ရှိရာ အဝယ်လိုက်နေကြောင်း   မြန်မာနိုင်ငံ အုန်းသီး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့အထွေထွေ အတွင်းရေးမှူး ဒေါ်စန်းစန်းဟန် ထံမှ သိရသည်။

 

လတ်တလောတွင်  အုန်းသီးတစ်လုံးလျှင် ငွေကျပ် ၃၅ဝ မှ ၆ဝဝ အထိ ဈေးနှုန်းရှိကာ ထိုင်းနိုင်ငံသို့ တရားဝင် တင်ပို့ရာတွင် တစ်လုံးလျှင် ၁၅ ဘတ် မှ ၁၇ ဘတ်အထိ ဈေးနှုန်းရရှိကြောင်း သိရသည်။

 

ပြည်တွင်းမှထွက်ရှိသည့်  အုန်းသီးများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လေ့ရှိသော်လည်း ထိုင်းနိုင်ငံ၌ အုန်းသီးထွက်ရှိချိန်ဖြစ် သည့်  ဇွန်လမှ  အောက်တိုဘာလအထိ အရောင်းအဝယ် ကန့်သတ်ခြင်း၊ အခွန်တိုး မြှင့်ခြင်းများ ရှိသည့်အတွက် ပြည်တွင်းမှ တင်ပို့မှုရပ်ဆိုင်းထားရလေ့ ရှိခြင်းကြောင့် တချို့မှာ တရားမဝင်တင်ပို့မှုများ ရှိနေကြောင်း သိရသည်။

 

''တရားမဝင်တင်ပို့မှုတွေလည်း လုပ်နေကြတယ်။  အဲဒီလိုလုပ်တဲ့ ကုန်တွေကတော့ ဈေးနှိမ်ခံရတာပေါ့။ တရားဝင်တင်ပို့မယ်ဆိုရင် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံစာပဲ လိုပါတယ်။ တရားဝင်တင်ပို့တော့ ဈေးကောင်းရတဲ့အတွက် တရားဝင်ပဲ တင်ပို့စေချင်ပါတယ်'' ဟု  ဒေါ်စန်းစန်းဟန် ကပြောသည်။

 

ပြည်တွင်းမှထွက်ရှိသည့်  အုန်းသီးများကို  ထိုင်းနိုင်ငံသို့ အလုံးလိုက် တင်ပို့နေပြီး အုန်းဆံမျှင်များကို   ဆိုဖာပြုလုပ်ရာတွင် အသုံးပြုရန် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: Myawady

Read times
Rate this item
(1 Vote)