Food & Livestock
ဂျီနီဗာတွင် အခမဲ့အစားအစာ ရရန် လူ ၁၀၀၀ ကျော် တန်းစီ
Coronavirus သည် ချမ်းသာကြွယ်ဝမှုကို စီးပွားရေးထိခိုက်စေသဖြင့် သံတမန်များအတွက် နာမည်ကြီးသော
ဂျီနီဗာတွင် အခမဲ့အစားအစာ ရရန် လူ ၁၀၀၀ ကျော်သည် တန်းစီနေကြသည်မှာ မိုင်ဝက်ရှည်လျားခဲ့သည်။
မနက် ၅ နာရီ ကတည်းက တန်းစီနေသောလူများအား စေတနာ့ ၀ န်ထမ်းများက စားစရာ ပါဆယ်ထုပ်၁၅၀၀ ကိုဝေမျှပေးခဲ့သည်။
လူနေမှုစရိတ်မြင့်မားခြင်းနှင့် အလုပ်လက်မဲ့များပြားခြင်းတို့သည် အခမဲ့အစားအစာများ ပိုမိုလိုအပ်နေစေသည်။
ဂျီနီဗာမြို့ တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၀,၃၀၅ ဦး ရှိပြီး သေဆုံးသူ ၁,၈၃၀ ရှိသည်။
Doctors Without Borders အဖွဲ့မှ Patrick Wieland က " ကမ္ဘာပေါ်မှာ အချမ်းသာဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဂျီနီဗာမြို့မှာ အလုပ်အတည်တကျ မရှိတဲ့သူတွေ ရှိတယ်။ သူတို့ က စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ၊ ဟိုတယ်တွေ၊ အိမ်သန့်ရှင်းရေးတွေ လုပ်ကိုင်ကြတယ်။ အဲဒီ ပျံကျတွေက ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်"
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ဖာနန်ဒိုက သူဟာ အခက်အခဲတွေကြားမှာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင် လုပ်ငန်းပြုတ်သွားပြီး လခမရဘူးလို့ ပြောပါတယ်။
“ ဒီအကူအညီကိုလက်ခံရရှိတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ အခြေအနေက ကျွန်တော့်အတွက် ပြောင်းလဲသွားရင် သူတို့အတွက် ကျွန်တော်လုပ်ပေးလို့ရတာတွေကို လုပ်ဖို့ ကတိပေးပါတယ်"
လို့ သူက ကတိပေးတယ်။
“ လရဲ့အဆုံးမှာ ကျွန်မရဲ့အိတ်ကပ်တွေက ဗလာဖြစ်နေတယ်။ အိမ်လခ၊ အာမခံကြေးစတဲ့ လစဉ်ပေးသွင်းရတာတွေ မပေးနိုင်တော့ဘူး" Ingrid Berala က ပြောပြသည်။ သူမက နီကာရာဂွာနိုင်ငံမှ ဖြစ်ပြီး ဂျနီဗာမြို့တွင် အချိန်ပိုင်း အလုပ်များ လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။
"အခုလို ပါဆယ်ထုပ် ဝေပေးတာ ကောင်းတယ်။ တစ်ပတ်စာတော့ ဖူလုံသွားပြီ။ နောက်အပတ်အတွက်တော့ ကျမ မသိဘူး" လို့ ပြောသည်။
လူဦးရေ စုစုပေါင်း ၈.၆ သန်းနီးပါးရှိသော ဆွစ်ဇာလန်နိုင်ငံတွင် လူဦးရေ ၆၆၀,၀၀၀ သည် ဆင်းရဲနွမ်းပါးကြသည်ဟု ၂၀၁၈ ခုနှစ် စာရင်းအရ သိရသည်။ အထူးသဖြင့် ကြင်ဖော်မဲ့မိခင်များနှင့် ပညာရေးနိမ့်ကျသူများသည် အလုပ်တစ်ခုပြုတ်ပြီးသောအခါ နောက်ထပ်အလုပ် ရဖို့ ခဲယဉ်းနေသည်။
လူ ဦး ရေ ၁.၁ သန်းကျော်သည် ဆင်းရဲနွမ်းပါးမည့်အရေး ရှိနေသည်။ သူတို့သည် ၂၀၁၈ ခုနှစ် အချိန်ပြည့်အလုပ် ပျမ်းမျှတစ်လ၀င်ငွေ ဆွစ်ဖရန့် ၆,၅၃၈ (ဒေါ်လာ ၆၇၃၆) ၏ ၆၀% အောက်၌သာ ရှိနေသည်။
dailymail.co.uk
zawgyi
ဂ်ီနီဗာတြင္ အခမဲ့အစားအစာ ရရန္ လူ ၁၀၀၀ ေက်ာ္ တန္းစီ
Coronavirus သည္ ခ်မ္းသာႂကြယ္ဝမႈကို စီးပြားေရးထိခိုက္ေစသျဖင့္ သံတမန္မ်ားအတြက္ နာမည္ႀကီးေသာ
ဂ်ီနီဗာတြင္ အခမဲ့အစားအစာ ရရန္ လူ ၁၀၀၀ ေက်ာ္သည္ တန္းစီေနၾကသည္မွာ မိုင္ဝက္ရွည္လ်ားခဲ့သည္။
မနက္ ၅ နာရီ ကတည္းက တန္းစီေနေသာလူမ်ားအား ေစတနာ့ ၀ န္ထမ္းမ်ားက စားစရာ ပါဆယ္ထုပ္၁၅၀၀ ကိုေဝမွ်ေပးခဲ့သည္။
လူေနမႈစရိတ္ျမင့္မားျခင္းႏွင့္ အလုပ္လက္မဲ့မ်ားျပားျခင္းတို႔သည္ အခမဲ့အစားအစာမ်ား ပိုမိုလိုအပ္ေနေစသည္။
ဂ်ီနီဗာၿမိဳ႕ တည္ရွိရာ ဆြစ္ဇာလန္ႏိုင္ငံတြင္ ဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၃၀,၃၀၅ ဦး ရွိၿပီး ေသဆုံးသူ ၁,၈၃၀ ရွိသည္။
Doctors Without Borders အဖြဲ႕မွ Patrick Wieland က " ကမာၻေပၚမွာ အခ်မ္းသာဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ ဂ်ီနီဗာၿမိဳ႕မွာ အလုပ္အတည္တက် မရွိတဲ့သူေတြ ရွိတယ္။ သူတို႔ က စိုက္ပ်ိဳးေရး၊ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ၊ ဟိုတယ္ေတြ၊ အိမ္သန႔္ရွင္းေရးေတြ လုပ္ကိုင္ၾကတယ္။ အဲဒီ ပ်ံက်ေတြက ကိုဗစ္ကာလမွာ အလုပ္လက္မဲ့ ျဖစ္ကုန္ၾကတယ္"
တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူ ဖာနန္ဒိုက သူဟာ အခက္အခဲေတြၾကားမွာ သူအလုပ္လုပ္ေနတဲ့ စားေသာက္ဆိုင္ လုပ္ငန္းျပဳတ္သြားၿပီး လခမရဘူးလို႔ ေျပာပါတယ္။
“ ဒီအကူအညီကိုလက္ခံရရွိတဲ့အတြက္ ကြၽန္ေတာ္ အရမ္းေက်းဇူးတင္ပါတယ္။ အေျခအေနက ကြၽန္ေတာ့္အတြက္ ေျပာင္းလဲသြားရင္ သူတို႔အတြက္ ကြၽန္ေတာ္လုပ္ေပးလို႔ရတာေတြကို လုပ္ဖို႔ ကတိေပးပါတယ္"
လို႔ သူက ကတိေပးတယ္။
“ လရဲ႕အဆုံးမွာ ကြၽန္မရဲ႕အိတ္ကပ္ေတြက ဗလာျဖစ္ေနတယ္။ အိမ္လခ၊ အာမခံေၾကးစတဲ့ လစဥ္ေပးသြင္းရတာေတြ မေပးႏိုင္ေတာ့ဘူး" Ingrid Berala က ေျပာျပသည္။ သူမက နီကာရာဂြာႏိုင္ငံမွ ျဖစ္ၿပီး ဂ်နီဗာၿမိဳ႕တြင္ အခ်ိန္ပိုင္း အလုပ္မ်ား လုပ္ကိုင္ေနသူတစ္ဦး ျဖစ္သည္။
"အခုလို ပါဆယ္ထုပ္ ေဝေပးတာ ေကာင္းတယ္။ တစ္ပတ္စာေတာ့ ဖူလုံသြားၿပီ။ ေနာက္အပတ္အတြက္ေတာ့ က်မ မသိဘူး" လို႔ ေျပာသည္။
လူဦးေရ စုစုေပါင္း ၈.၆ သန္းနီးပါးရွိေသာ ဆြစ္ဇာလန္ႏိုင္ငံတြင္ လူဦးေရ ၆၆၀,၀၀၀ သည္ ဆင္းရဲႏြမ္းပါးၾကသည္ဟု ၂၀၁၈ ခုႏွစ္ စာရင္းအရ သိရသည္။ အထူးသျဖင့္ ၾကင္ေဖာ္မဲ့မိခင္မ်ားႏွင့္ ပညာေရးနိမ့္က်သူမ်ားသည္ အလုပ္တစ္ခုျပဳတ္ၿပီးေသာအခါ ေနာက္ထပ္အလုပ္ ရဖို႔ ခဲယဥ္းေနသည္။
လူ ဦး ေရ ၁.၁ သန္းေက်ာ္သည္ ဆင္းရဲႏြမ္းပါးမည့္အေရး ရွိေနသည္။ သူတို႔သည္ ၂၀၁၈ ခုႏွစ္ အခ်ိန္ျပည့္အလုပ္ ပ်မ္းမွ်တစ္လ၀င္ေငြ ဆြစ္ဖရန႔္ ၆,၅၃၈ (ေဒၚလာ ၆၇၃၆) ၏ ၆၀% ေအာက္၌သာ ရွိေနသည္။
dailymail.co.uk



