Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ တန်ဖိုးမြင့် ကသမျှင်ငါးဖမ်းမိ

ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ တန်ဖိုးမြင့် ကသမျှင်ငါးဖမ်းမိ voice

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက်ပိုက်ချက်မှ နိုဝင်ဘာလ ဒုတိယပတ်က ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိသည့် တန်ဖိုးမြင့်

ကသမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

 

ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက်အမှတ် (၁) ကို တင်ဒါဆွဲဝယ်ယူရရှိသူ ဦးမြင့်လွင်၏ ပိုက်ချက် ၁၂ လုံးတန်းအနက် ပိုက်ချက် ၈ လုံးမြောက်တွင် ကသမျှင်ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ကသမျှင်ငါးမှာ အမဖြစ်ကာ အလျား ၆ ပေ၊
အနံ ၁ ဒသမ ၁ ပေနှင့် အလေးချိန် ၃၅ ဒသမ ၅ ပိဿာရှိပြီး ဈေးကွက်အတွင်း ရောင်းချခဲ့ရာ ဒေသပေါက်ဈေး ကျပ် ၅၆၅ သိန်းရရှိခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

 

“ဒီငါးက စီပေါင်းက တန်ဖိုးရှိတာ။ ကသမျှင်ကို မွန်ပြည်နယ်မှာပဲ အများဆုံးတွေ့ရတာ။ အရင်က တစ်နှစ်ကို ၁၀ ကောင်လောက် ဖမ်းမိတယ်။ အခုနောက်ပိုင်း တစ်နှစ်ကို ငါးကောင်လောက်ပဲ မိတော့တယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။

 

အဆိုပါ ကသမျှင်ငါးများ ဖမ်းဆီးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက ပိတ်ပင်ထားခြင်းမရှိကြောင်း၊ ယင်းငါးကို မွန်ပြည်နယ်တွင်သာ အများဆုံးတွေ့ရှိရပြီး ကသမျှင်ငါးစီပေါင်းကို အမျိုးသားနှင့် အမျိုးသမီးများ ကျန်းမာရေးအတွက် မှီဝဲေ
သာက်သုံးနိုင်ခြင်း၊ တိုင်းရင်းဆေးနှင့် ရေမွှေးအဆီများပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး တရုတ်လူမျိုးများ အများဆုံး ဝယ်ယူလေ့ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

 

“ဒီစီပေါင်းက မီးနေသည်တွေနဲ့ အမျိုးသားတွေအတွက်လည်း သောက်ရင်အားဖြစ်တယ်။ တရုတ်ကျတော့ ရိုးရာအရ ငါးစီပေါင်းနဲ့ တင်တောင်းတာတွေ ရှိတယ်။ တင်တောင်းနိုင်တဲ့လူကို တစ်သက်လုံး အရိုအသေ ပေးရတယ်”ဟု ဦးမြ
င့်ဇင်ထူးက ပြောဆိုသည်။

 

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကျိုက်ခမီမြို့၊ ကမ်းခြေတွင် အလေးချိန် ၁၆ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ကျိုက်ခမီရေလယ်ဘုရား အနောက်၊ အမှတ်(၂) ဘော်ယာအနီးကမ်းခြေတွင်
အလေးချိန် ၂၁ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ ၂၀၁၆ ခုနှစ် ဇွန်လက ကျိုက်ခမီမြို့ ကမ်းခြေတွင် အလေးချိန် ၃၆ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ကျိုက်ခမီမြို့၊ ကမ်းခြေတွင်ပင် အလေးချိန် ၁၆
ဒသမ ၅၀ ပိဿာရှိ ကသမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

 

မွန်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၈-၁၉ ငါးလုပ်ငန်းရာသီတွင် ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးသည့် လုပ်ငန်းရှင်များကို ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက် ၂၅ ချက်ကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ယင်းဦးစီးဌာန
ထံမှ သိရသည်။

 

Source: Voice

Read times
Rate this item
(0 votes)