Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌ မိုးရွာသွန်းမှုကြောင့် ကြက်သွန်နီဈေးမြင့်တက်ခဲ့ပြီး သုံးရက်အကြာတွင် ဈေးနှုန်းပြန်လည်ကျဆင်းလာ

ပြည်တွင်းဒေသအများအပြား၌ မိုးရွာသွန်းမှုကြောင့် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီလက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၇၅ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၁ဝ ရက်မှ စ၍ ဈေးနှုန်းပြန်လည်ကျဆင်းလာကြောင်းဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

 

ဇန်နဝါရီ ၅ ရက်တွင် ဆိပ်ဖြူကြက်သွန်နီလက်ကားတစ်ပိဿာလျှင် ငွေကျပ် ၃ဝဝ မှ ၈ဝဝ အထိ၊ မြင်းခြံကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝ မှ ၉ဝဝ အထိ၊ မြစ်သားကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၈၅ဝ မှ ၁၂၅ဝ အထိ ဈေးနှုန်းအသီးသီးရှိခဲ့သည်။

 

မိုးစတင်ရွာသွန်းခဲ့သည့် ဇန်နဝါရီ ၇ ရက်မှစ၍ နေ့စဉ်ကြက်သွန်ဈေး မြင့်တက်လာရာ ဇန်နဝါရီ ၉ ရက်တွင် ဆိပ်ဖြူကြက်သွန်နီ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ မှ ၉ဝဝ အထိ၊ မြင်းခြံကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝ မှ ၁၁၅ဝ အထိ၊ မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၁ဝဝ မှ ၁၄၅ဝ အထိ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့သည်။

 

ဇန်နဝါရီ ၇ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်ဈေးကွက်သို့ နယ်စုံမှ ကြက်သွန်နီ ပိဿာချိန် ၁၅ဝဝဝဝ ဝန်းကျင် ဝင်ရောက်လာပြီး ဇန်နဝါရီ ၈ ရက်တွင် ပိဿာချိန် ၂၄ဝဝဝဝ အထိ ဝင်ရောက်လာသော်လည်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာ၍ နယ်စုံမှ မိုးကြက်သွန်နီသစ်များ တင်ပို့မှု များလာခြင်းကြောင့် ဇန်နဝါရီ ၁ဝ ရက်တွင် ကြက်သွန်နီပိဿာချိန် ၁၈ဝဝဝဝ ဝန်းကျင် ဝင်ရောက်ခဲ့ကာ ဝယ်လိုအားနည်းသဖြင့် ဈေးနှုန်းပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း ရေတမာလမ်း ကြက်သွန်နီပွဲရုံ ကိုတီတီထံမှ သိရသည်။

 

ဇန်နဝါရီ ၁ဝ ရက်တွင် ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာလျှင် ငွေကျပ် ၄ဝဝ မှ ၈ဝဝ အထိ၊ မြင်းခြံကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ မှ ၁၁ဝဝ အထိ၊ မြစ်သား ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၉ဝဝမှ ၁၃ဝဝ အထိ ပြန်လည်ကျဆင်းခဲ့သည်။

 

ယနေ့တွင် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီပိဿာချိန် နှစ်သိန်းကျော် ဝင်ရောက်လာပြီး ဈေးနှုန်းထပ်မံကျဆင်းလာကာ မြင်းခြံ(ပင်သေ) ကြက်သွန်နီ လက်ကားတစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ မှ ၁ဝ၅ဝ အထိ၊ ပခုက္ကူကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၆ဝဝ မှ ၉၅ဝ အထိ၊ မြစ်သားကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ မှ ၁၁ဝဝအထိ ဈေးနှုန်းအသီးသီးရှိကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)