Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်တင်သွင်းမှုလျှော့ချ

Unicode

ကြက်တင်သွင်းမှုလျှော့ချ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးတွင် ကြက်သားဈေးနှုန်းများ ပုံမှန်အတိုင်း ရှိစေရန် ကြက်တင်သွင်းမှုကို လျှော့ချထားကြောင်း ဈေးသာယာရေးအဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်း ကြက်ဘဲဈေးအတွင်း ပုံမှန်အသားတိုးကြက် တင်သွင်းမှုများကို တစ်ရက်လျှင် ပိဿာချိန် ခြောက်သောင်းခန့်ရှိပြီး ဆယ်မိုနဲလားတွေ့ရှိတဲ့သတင်းထွက်ပေါ်ပြီးနောက် ပိဿာချိန် လေးသောင်းကျော်သာ တင်သွင်းကြောင်း ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ကြက်သားဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

 

ကြက်ဘဲဈေးတွင် ယင်းသတင်းများထွက်ပေါ်လာခဲ့တဲ့ တစ်ပတ်အတွင်း ရောင်းချရမှုအလွန်နည်းပြီး လက်ရှိတွင် ပြန်လည် ရောင်းချနေရသော်လည်း ပုံမှန်ထက်လျှော့နည်းနေသေးကြောင်း သိရပါတယ်။

 

Read More >>>>>  စားသောက်ကုန်နှင့် အဖျော်ယမကာ ဈေးကွက်ဆောင်းပါး

 

ကြက်ဘဲဈေးအတွင်း ကုန်အဝင်လျှော့ချထားခြင်းကြောင့် အလုပ်သမားများအတွက် အခက်အခဲများရှိနေပြီး ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။

 

#MFID

 

 


 


 


 

Read More >>>>>  စားသောက်ကုန်နှင့် အဖျော်ယမကာ ဈေးကွက်ဆောင်းပါး

 


 


 

#MFID

Read times Last modified on Friday, 31 January 2020 15:29
Rate this item
(0 votes)