Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း ဖရဲ၊ သခွား တန်ချိန် ၁၀ သိန်းခန့် တင်ပို့နိုင်မည်ဟုဆို

တရုတ်နိုင်ငံမှ ၀ယ်လို အားကောင်းနေခြင်းကြောင့် နယ် စပ်မှဖရဲ၊ သခွားတင်ပို့မှု ယခုနှစ် တွင်တန်ချိန် ၁၀ သိန်းခန့်အထိ ရှိလာနိုင်ကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် ကပြောသည်။

 

ယမန်နှစ်က တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှဖရဲ၊ သခွားတင် ပို့မှုတန်ချိန် ရှစ်သိန်းခန့်ရှိသဖြင့် ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းခန့်တိုး တက်လာခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံ၌ အပူချိန်မြင့် တက်လာခြင်းကြောင့်မြန်မာနိုင်ငံ မှ သစ်သီးဝယ်လိုအားကောင်းမွန် နေကြောင်း၎င်းကပြောသည်။

 

‘‘ဒီရက်ပိုင်းမှာ အသီးရောင်း အားက တက်နေတယ်’’ ဟုဦးစိုင်း မြင့်ဗိုလ်ကပြောသည်။ မြန်မာ နိုင်ငံ၏ ဖရဲ၊ သခွားစိုက်ပျိုးထုတ် လုပ်သည့်ရာသီသည် မေလကုန် အထိ ရှိနေခြင်းကြောင့် သစ်သီး ဈေးကွက် အရှိန်ကောင်းနေမည် ဟု မုံရွာမှဖရဲသီးစိုက်ပျိုးသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

 

လက်ရှိ၌ မူဆယ်သို့နေ့စဉ် ဖရဲ၊ သခွားအ၀င်ကားအစီးရေ ၅၀၀ ခန့်ရှိနေပြီး တရုတ်နိုင်ငံသို့  ကျင်စန်းကျော့ဂိတ်၊ ပန်ဆန်း ဂိတ်တို့မှတင်ပို့နေသည်။  တရုတ် နိုင်ငံ ၀မ်တိန်သစ်သီးကွင်းသို့လမ်း ကြောင်း နှစ်ခုမှ တင်ပို့နေခြင်း ကြောင့် ယာဉ်ကြောပိတ်ဆိုမှု ပြဿနာလည်း မရှိတော့ကြောင်း မူဆယ်မြို့မှ ကုန်တင်ယာဉ်ပိုင်ရှင် တစ်ဦးကပြောသည်။

 

တရုတ်နိုင်ငံမှ ၀ယ်လိုအား  ကောင်းနေခြင်းကြောင့် သင်္ကြန် ရက်များတွင်ပင် သစ်သီးတင်ပို့ ရောင်းချမည်ဟု ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။

 

လက်ရှိ၌မူဆယ်တွင် ဖရဲသီး  တစ်တန်လျှင်အရည်အသွေးပေါ်  မူတည်ပြီး ယွမ် ၂,၀၀၀ မှ ၃,၀၀၀   အကြားဈေးရှိနေသည်။ ငွေလဲ နှုန်းက တရုတ်ငွေတစ်ယွမ်လျှင်  ၂၂၅ ကျပ်ဖြစ်သည်။ ထို့ကြောင့် ဖရဲတစ်တန်လျှင် ကျပ်လေးသိန်း ခွဲမှ ခြောက်သိန်းခုနစ်သောင်းအ ကြားဈေးရှိသည်။

 

Source: 7 day news

Read times
Rate this item
(1 Vote)