Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နိုင်ငံလုံး၌ ထောပတ်သီး စနစ်တကျ စိုက်ဧက နှစ်သောင်းကျော်ရှိ မြန်မာ GAP ရရှိရန်ဆောင်ရွက်နေ

ပြည်ပကမ်းလှမ်းချက်များအတိုင်း တင်ပို့ နိုင်ရန်   ထောပတ်သီးစိုက်ဧကများ  တိုးချဲ့ လျက်ရှိရာ လတ်တလောတွင် တစ်နိုင်ငံလုံး၌   စနစ်တကျစိုက်ပျိုးထားသည့် ထောပတ်သီးစိုက်ဧက  နှစ်သောင်းကျော်ရှိပြီး  မြန်မာ

Good   Agriculture  Practices  (GAP) ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချ သူများအသင်း   တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းထံမှ သိရသည်။

 

ထို့ပြင်  Global   GAP လက်မှတ်ရရှိ ရေးအတွက် ကနဦး အနေဖြင့် မြန်မာ GAP လက်မှတ်များရရှိရန် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် GAP  လက်မှတ် မရရှိသေးသည့်အတွက် ဈေးနှုန်းရရှိမှု နည်းပါးနေသေးကွာ GAP လက်မှတ်ရရှိ ပြီးပါက ဈေးကောင်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ GAP လက်မှတ်ရရှိရန် ရှမ်းပြည် နယ်  ဟိုပုံးမြို့နယ်ရှိ  ထောပတ်သီးစိုက်ပျိုးသည့်ခြံများကို စာရင်းကောက်ယူ၍ စိုက်ပျိုး ရေးဦးစီးဌာနသို့ သင်္ကြန်ပြီးကာလအတွင်း   တင်ပြမည်ဖြစ်ကာ လတ်တလောတွင် စုစုပေါင်းမြေဧက ၈ဝဝ မှ ၁ဝဝဝ ဝန်းကျင်ရှိသည့် ထောပတ်သီးခြံပေါင်း ၂ဝ ခန့်မှ လာရောက်စာရင်း ပေးထားကြောင်း သိရသည်။

 

GAP   နည်းစနစ်ဆိုသည်မှာ  သီးနှံများ မစိုက်ပျိုးမီ မြေ၊ မျိုးစေ့၊ သုံးစွဲသည့်ရေ၊ မြေသြဇာစသည် တို့ကို ပြင်ဆင်ချိန်မှစ၍ ဈေးကွက်သို့  တင်ပို့သည့် တစ်လျှောက်  စိုက်ပျိုးရိတ်သိမ်း၊   ပြင်ဆင်ထုပ်ပိုး၊  သိုလှောင်မှု လုပ်ငန်းစဉ် အဆင့်ဆင့်  ဆောင်ရွက် ရာတွင် စားသုံးသူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဓာတ်ကြွင်းဓာတ်ကျန်ပစ္စည်းများ မပါဝင်ရန်၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကြောင့်ပတ်ဝန်းကျင်သယံဇာတများ ထိခိုက်ပျက်စီး မှုမရှိစေရန် ထိန်းသိမ်းသည့်အလေ့အကျင့် ကောင်းများ လိုက်နာသည့်စနစ်ဖြစ်ကြောင်း သိရသည်။

 

ထောပတ်သီးကို အဓိကအားဖြင့် ရှမ်း ပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)၊ ပြင်ဦး လွင်၊ နောင်ချို၊ လားရှိုး၊ မူဆယ်၊ နမ့်စန်၊  ပင်လုံ၊ လွယ်လင် စသည့်ဒေသများ၌ စိုက်ပျိုးထားပြီး ပြည်ပလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး ထောပတ် သီးဧက ငါးသောင်းမှ  တစ်သိန်းအထိ    စနစ်တကျစိုက်ပျိုးရန်  လျာထားကြောင်း သိရသည်။  

 


Source: Myawaddy

Read times
Rate this item
(1 Vote)