Food & Livestock
ဆိုင်ကလုန်း မုန်တိုင်း ဘယ်လို ရွေ့မလဲ
(unicode+ zawgyi) ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်မှာ-
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး၊ ပိုမိုအားကောင်းလာကာ နောက် (၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန် တိုင်းငယ် (Depression)အဆင့်သို့ လည်းကောင်း၊ ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဆင့်သို့ လည်းကောင်း ရောက်ရှိနိုင်ပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ (၁၇.၅.၂၀၂၀)ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်း ရပါသည်။
အားပိုကောင်းမည်
၁၇-၁၈ မေလ အမျိုးအစား (၁) (လေတိုက်နှုန်း တစ်နာရီ ၇၄-၉၅ မိုင်) ဆိုင်ကလုန်း အဖြစ်သို့ ရောက်ရှိမည်
၁၇-၂၀ လျင်မြန်စွာ အားပိုကောင်းပြီး အမျိုးအစား (၄) (လေတိုက်နှုန်း တစ်နာရီ ၁၃၀-၁၅၆ မိုင်) ဆိုင်ကလုန်း အဖြစ်သို့ ရောက်ရှိနိုင်
ရွေ့လျားပုံ
အနောက်မြောက်-အနောက်အရပ်သို့ ဦးတည်ရွေ့လျားခဲ့သည်။ တဖြည်းဖြည်း အားပိုကောင်းလာခဲ့သည်။
လက်ရှိနေရာတွင် ငြိမ်နေရာမှ မြောက်သို့ ကွေ့မည်။ ထို့နောက် မြောက်-အရှေ့မြောက်သို့ ဦးတည်ရွေ့လျားရင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းဆီသို့ ဦးတည် ရွေ့လျားမည်။ တဖြည်းဖြည်း အားကောင်းလာနေရာမှာ အရှိန်တက်ပြီး လျင်မြန်စွာ အားကောင်းလိမ့်မည်။
-
zawgyi

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကြံပြုချက်
မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းဝင်ရောက်ပါကလည်း ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့သည် မုန်တိုင်းဒဏ်ကို ခံစားရနိုင်သည့် ဒေသများ ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်ပါက မုန်တိုင်းနှင့်အတူ မုန်တိုင်းဒီရေတက်ခြင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းရာမှ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြို/တောင်ပြိုခြင်း၊ တောင်ကျချောင်းများတွင် ရုတ်တရက် အရှိန်အဟုန်ဖြင့် ရေစီးခြင်း/ရေကျော်ခြင်းများဖြစ်ပွား နိုင်သဖြင့် ကုန်းတွင်းပိုင်း ဒေသများသည်လည်း မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း အခြား သက်ရောက်မှုများ ရှိနိုင်ကြောင်း သတိပြု ကြိုတင်ပြင်ဆင်ကြရပါမည်။
သို့ဖြစ်ရာ ကမ်းရိုးတန်းဒေသများသာမက ကုန်းတွင်းပိုင်းဒေသများသည်လည်း မုန်းတိုင်းနှင့် ပတ်သက်၍ အထူးသတိပြုရန် လိုအပ်ပြီး အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရန်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကြံပြုအပ်ပါ သည်-
(၁) မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန် လိုအပ်ပါသည်။ သို့ရာတွင် ယခုကာလသည် COVID–19 ကူးစက်ရောဂါဖြစ်ပွားနေချိန် ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်အဆောက်အဦများအား လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြင်ဆင်ထားပါ။
(၂) လိုအပ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားပြီး အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။ COVID–19 ကူးစက်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ မျက်နှာနှင့်နှာခေါင်းစည်းများ ကြိုတင်စုဆောင်း ယူဆောင်သွားပါ။
(၃) လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်း ထားပါ။
(၄) မိသားစုဝင်များ ကွဲကွာသွားခဲ့ပါက ပြန်လည်ဆုံတွေ့နိုင်မည့် ဆုံရပ်သတ်မှတ်ထားပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။
(၅) ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ်နားထောင်၊ လေ့လာ၍ အထူးသတိပြု နေထိုင်ပါ။ မုန်တိုင်းဒီရေ တက်ရောက်နိုင်သည်ကိုလည်း သတိပြုပါ။
(၆) ကုန်းတွင်းပိုင်းဒေသများ အနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ၊ မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့် အတွက် အထူးသတိပြုနေထိုင်ပါ။
(၇) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီး နေထိုင်သူများ အထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ ကြိုတင်ရွှေ့ပြောင်းပါ။
(၈) မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။
(၉) မိမိတို့ရပ်ရွာအတွင်း မုန်တိုင်းဒဏ်ခံနိုင်သည့် နီးစပ်ရာ အိမ်များ၊ အဆောက်အဦများသို့ ရွှေ့ပြောင်း နေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID–19ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။
ပြည်သူများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်ကြပါရန်နှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ် သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇ တို့သို့ အချိန်မရွေးဆက်သွယ် သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း ပြည်သူသို့ အသိပေးနှိုးဆော်အပ်ပါသည်။
ဆိုင္ကလုန္း မုန္တိုင္း ဘယ္လို ေ႐ြ႕မလဲ
၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၆)ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္မွာ-
ဘဂၤလားပင္လယ္ေအာ္အေျခအေန။
ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္ တည္ရွိေနၿပီး၊ ပိုမိုအားေကာင္းလာကာ ေနာက္ (၆)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတြင္ မုန္ တိုင္းငယ္ (Depression)အဆင့္သို႔ လည္းေကာင္း၊ ယေန႔ညပိုင္းတြင္ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) အဆင့္သို႔ လည္းေကာင္း ေရာက္ရွိႏိုင္ပါသည္။
အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ မုန္တိုင္းငယ္အဆင့္သို႔ ေရာက္ရွိၿပီးေနာက္၊ ကနဦးတြင္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီး၊ (၁၇.၅.၂၀၂၀)ရက္ေန႔ ေနာက္ပိုင္းတြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေကြ႕ကာ၊ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းသို႔ ေ႐ြ႕လ်ားႏိုင္သည္ဟု ခန႔္မွန္း ရပါသည္။
အားပိုေကာင္းမည္
၁၇-၁၈ ေမလ အမ်ိဳးအစား (၁) (ေလတိုက္ႏႈန္း တစ္နာရီ ၇၄-၉၅ မိုင္) ဆိုင္ကလုန္း အျဖစ္သို႔ ေရာက္ရွိမည္
၁၇-၂၀ လ်င္ျမန္စြာ အားပိုေကာင္းၿပီး အမ်ိဳးအစား (၄) (ေလတိုက္ႏႈန္း တစ္နာရီ ၁၃၀-၁၅၆ မိုင္) ဆိုင္ကလုန္း အျဖစ္သို႔ ေရာက္ရွိႏိုင္
ေ႐ြ႕လ်ားပုံ
အေနာက္ေျမာက္-အေနာက္အရပ္သို႔ ဦးတည္ေ႐ြ႕လ်ားခဲ့သည္။ တျဖည္းျဖည္း အားပိုေကာင္းလာခဲ့သည္။
လက္ရွိေနရာတြင္ ၿငိမ္ေနရာမွ ေျမာက္သို႔ ေကြ႕မည္။ ထို႔ေနာက္ ေျမာက္-အေရွ႕ေျမာက္သို႔ ဦးတည္ေ႐ြ႕လ်ားရင္း ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းဆီသို႔ ဦးတည္ ေ႐ြ႕လ်ားမည္။ တျဖည္းျဖည္း အားေကာင္းလာေနရာမွာ အရွိန္တက္ၿပီး လ်င္ျမန္စြာ အားေကာင္းလိမ့္မည္။
-



