Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ် ဆန်ပြန်လည်တင်ပို့တော့မည်

ဗီယက်နမ် ဆန်ပြန်လည်တင်ပို့တော့မည်

ဗီယက်နမ် ၀ န်ကြီးချုပ် Nguyen Xuan Phuc က Covid-19 ကပ်ရောဂါများကြားတွင် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးသေချာစေရန် မတ်လတွင် တင်ပို့မှုပိတ်ပင်ထားမှုကို အစိုးရမှထုတ်ပြန်ကြေညာပြီးနောက် ယခုအခါဆန်တင်ပို့မှုပြန်လည်စတင်ရန် အစီအစဉ်အား ၀ န်ကြီးချုပ်က သဘောတူလိုက်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက သတင်းဖော်ပြသည်။

ဧပြီလတွင် ဆန်တန်ချိန် ၄၀၀၀၀၀ ၀ န်းကျင် တင်ပို့မည်ဖြစ်သည်။ စက်မှုနှင့် ကုန်သွယ်ရေး၀ န်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ၀ န်ကြီးဌာနများနှင့်အေဂျင်စီများက ကူးစက်ရောဂါအခြေအနေကို သုံးသပ်ပြီး ၀ န်ကြီးချုပ်ထံ ဆန်တင်ပို့မည့်အစီအစဉ်နှင့် ပတ်သက်၍ မေလတွင် အစီရင်ခံတင်ပြသွားမည်ဖြစ်သည်။

ဗီယက်နမ်သည် ဧပြီနှင့်မေလအတွင်း ဆန်တန်ချိန် ၈၀၀၀၀၀ တင်ပို့နိုင်မည်ဖြစ်ပြီး ယမန်နှစ်အလားတူကာလကထက် ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

အစောပိုင်းကစက်မှုနှင့်ကုန်သွယ်ရေး ၀ န်ကြီးဌာနသည် ဆန်တင်ပို့မှုပြန်လည်စတင်ရန်အဆိုပြုခဲ့ပြီး Covid-19 ဖြစ်ပွားမှုအကြား တိုင်းပြည်က ဆန်တင်ပို့ရန် လစဉ်ခွဲတမ်းသတ်မှတ်ထားသင့်သည်ဟု အကြံပြုခဲ့သည်။

ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀ န်ကြီးဌာနမှခန့်မှန်းထားသည်မှာ ၂၀၂၀ ပြည့်နှစ်တွင်နိုင်ငံ၏ပြည်တွင်းလိုအပ်ချက်သည်တန်ချိန်သန်း ၃၀ အထိရှိလိမ့်မည်ဟုခန့်မှန်းထားသည်။

- Xinhua

 

ဗီယက္နမ္ ဆန္ျပန္လည္တင္ပို႔ေတာ့မည္

ဗီယက္နမ္ ၀ န္ႀကီးခ်ဳပ္ Nguyen Xuan Phuc က Covid-19 ကပ္ေရာဂါမ်ားၾကားတြင္ အမ်ိဳးသားစားနပ္ရိကၡာဖူလုံေရးေသခ်ာေစရန္ မတ္လတြင္ တင္ပို႔မႈပိတ္ပင္ထားမႈကို အစိုးရမွထုတ္ျပန္ေၾကညာၿပီးေနာက္ ယခုအခါဆန္တင္ပို႔မႈျပန္လည္စတင္ရန္ အစီအစဥ္အား ၀ န္ႀကီးခ်ဳပ္က သေဘာတူလိုက္ေၾကာင္း ဗီယက္နမ္ သတင္းေအဂ်င္စီက သတင္းေဖာ္ျပသည္။

ဧၿပီလတြင္ ဆန္တန္ခ်ိန္ ၄၀၀၀၀၀ ၀ န္းက်င္ တင္ပို႔မည္ျဖစ္သည္။ စက္မႈႏွင့္ ကုန္သြယ္ေရး၀ န္ႀကီးဌာနႏွင့္ အျခားသက္ဆိုင္ရာ ၀ န္ႀကီးဌာနမ်ားႏွင့္ေအဂ်င္စီမ်ားက ကူးစက္ေရာဂါအေျခအေနကို သုံးသပ္ၿပီး ၀ န္ႀကီးခ်ဳပ္ထံ ဆန္တင္ပို႔မည့္အစီအစဥ္ႏွင့္ ပတ္သက္၍ ေမလတြင္ အစီရင္ခံတင္ျပသြားမည္ျဖစ္သည္။

ဗီယက္နမ္သည္ ဧၿပီႏွင့္ေမလအတြင္း ဆန္တန္ခ်ိန္ ၈၀၀၀၀၀ တင္ပို႔ႏိုင္မည္ျဖစ္ၿပီး ယမန္ႏွစ္အလားတူကာလကထက္ ၄၀ ရာခိုင္ႏႈန္းက်ဆင္းခဲ့သည္ဟု အစီရင္ခံစာက ဆိုသည္။

အေစာပိုင္းကစက္မႈႏွင့္ကုန္သြယ္ေရး ၀ န္ႀကီးဌာနသည္ ဆန္တင္ပို႔မႈျပန္လည္စတင္ရန္အဆိုျပဳခဲ့ၿပီး Covid-19 ျဖစ္ပြားမႈအၾကား တိုင္းျပည္က ဆန္တင္ပို႔ရန္ လစဥ္ခြဲတမ္းသတ္မွတ္ထားသင့္သည္ဟု အႀကံျပဳခဲ့သည္။

ဗီယက္နမ္လယ္ယာစိုက္ပ်ိဳးေရးႏွင့္ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး ၀ န္ႀကီးဌာနမွခန႔္မွန္းထားသည္မွာ ၂၀၂၀ ျပည့္ႏွစ္တြင္ႏိုင္ငံ၏ျပည္တြင္းလိုအပ္ခ်က္သည္တန္ခ်ိန္သန္း ၃၀ အထိရွိလိမ့္မည္ဟုခန႔္မွန္းထားသည္။ - Xinhua

Read times
Rate this item
(0 votes)