Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြူကုတ် ကြက်သွန်ဖြူဈေး နှစ်လအတွင်း ထက်ဝက်ကျော် ကျဆင်း

ကြူကုတ်ကြက်သွန်ဖြူ ဈေးနှုန်းသည် ဧပြီလကုန်ကတစ်ပိဿာ ကျပ် ၅,၀၀၀ ကျော် ပေါက်ဈေးရှိရာမှ ဇူလိုင်စတုတ္ထပတ်တွင်

ကျပ် ၂,၀၀၀ ခန့်သာဈေးရှိတော့သဖြင့် နှစ်လအတွင်း ဈေးထက်ဝက်ကျော် ကျဆင်းခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သတင်းရရှိသည်။

 

ကြက်သွန်ဖြူဈေး အတက်အကျသည် ဘုရင့်နောင်ဒိုင်သို့ ၀င်ရောက်လာသည့် ပစ္စည်းအရေအတွက်နှင့် ၀ယ်လိုအားအပေါ် အခြေခံ၍ ပြောင်းလဲခြင်းဖြစ်ကြောင်း  အမည်မဖော်လိုသူ ကြက်သွန်ဖြူဒိုင်တစ်ဦးက ပြောသည်။

 

‘‘တစ်ရက်၊ နှစ်ရက်အတွင်းလည်း ဈေးကပြောင်းလဲသွားနိုင်တယ်။ ပစ္စည်းဝင်ထွက်မှုအပေါ် မူတည်ပြီး တွက်ချက်ရတာပါ။ ကြက်သွန်ဖြူကြူကုတ်ဈေးက အတက်အကျရှိပေမယ့် အောင်ပန်းကြက်သွန်ဖြူနဲ့ တောင်ကြီးကြက်သွန်ဖြူတွေက ဈေးနှုန်းအတက်အကျသိပ်မရှိပါဘူး’’ ဟု ၎င်းကပြောသည်။

 

ကြူကုတ်ကြက်သွန်ဖြူဈေး သည် ဇူလိုင်တတိယပတ်က တစ် ပိဿာလျှင် ၁၆၀၀-၁၈၀၀ ကျပ်မှ စတုတ္ထပတ်တွင် ကျယ် ၂,၀၀၀ခန့်သို့ ဈေးအနည်းငယ်ပြန်တက် လာကြောင်း သိရသည်။

 

လက်လီဆိုင်များတွင် ကြူ ကုတ်ကြက်သွန်ဖြူဈေးသည် ဇူလိုင် တတိယပတ်အထိ တစ်ပိဿာ ကျပ် ၅,၀၀၀ ကျော်ဈေးရှိနေခြင်းသည် ၀ယ်ယူထားသည့် လက်လီဆိုင်များက ပစ္စည်းမကုန်သေး၍ ထိန်းရောင်းနေခြင်းဖြစ်ကြောင်း အထက်ပါ ကြက်သွန်ဖြူဒိုင်က သုံးသပ်ပြောကြားသည်။

 

ကမာရွတ်မြို့နယ်တွင် နေ ထိုင်သည့် ၀န်ထမ်း မမေသန္တာက ‘‘၂၅ ရက်ကအထိ ကြက်သွန်ဖြူဈေးက ၅,၂၀၀ ဈေးနဲ့ ၀ယ်ရတယ်။ ၂၇ ရက်နေ့ အိမ်ကညီမလေး တစ်ယောက်က ၃,၀၀၀ဈေးနဲ့ ကြက်သွန်ဖြူ ၀ယ်လာတော့ တစ်ရက်၊ နှစ်ရက်အတွင်း အဲဒီလောက်ဈေးမကျလောက်ပါ ဘူး။ ဆိုင်ရှင်က ဈေးမှားရောင်း တယ်ထင်နေတာ။ နောက်ကိုယ်ကိုယ်တိုင် သွားဝယ်မှ ဈေးတကယ်ကျမှန်းသိတယ်’’ ဟု ပြောကြားသည်။

 

လက်ရှိတွင် ထွက်ပေါ်နေသည့် တုပ်ကွေးရောဂါများ အတွက် ကြက်သွန်ဖြူအစိမ်းစားပြီး ကာကွယ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ကြက်သွန်ဖြူပိုမိုအရောင်းသွက်လာမှု မရှိကြောင်း ကြက်သွန်ဖြူ လက်လီ အရောင်းဆိုင်များက သိရသည်။

 

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ် ပေါက်ဈေးသည် အရွယ်အစားပေါ်မူတည်ပြီး တစ်ပိဿာလျှင် ၂,၀၅၀ မှ ၂,၁၀၀ ကျပ်အထိရှိပြီး တောင်ကြီးကြက်သွန်ဖြူသည် ၂,၅၀၀ မှ ၃,၆၀၀ ကျပ်၊ အောင်ပန်းကြက်သွန်ဖြူသည် ၂,၆၀၀မှ ၃,၇၀၀ ကျပ်ရှိသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:10
Rate this item
(1 Vote)