Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နွားမွေးမြူရေးလုပ်ငန်းတစ်ခု ပြည်တွင်း၌ ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြှုပ်နှံရန်စီစဉ်

မန္တလေးတိုင်းတွင် နွား မွေးမြူရေးလုပ်ငန်းတစ်ခုကို ဒေါ် လာ ၃၅ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် တရုတ်ကုမ္ပဏီ တစ်ခုက ပြင်ဆင်နေသည်။

 

အဆိုပါ တရုတ်မွေးမြူရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နွားမွေးမြူပြီး ယင်းနိုင်ငံသို့ ပြန် လည်တင်ပို့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

 

အစိုးရချင်း သဘောတူညီမှု ဖြင့် တရုတ်နိုင်ငံသို့ တရားဝင် ကျွဲ၊ နွားတင်ပို့ရန် ကြိုးစားနေချိန် တွင် တရုတ်ကုမ္ပဏီ၏ ရင်းနှီးမြှုပ် နှံမှုကို မန္တလေးတိုင်း ကျွဲ၊ နွားတင် ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးနိုင်က ‘‘ကျွန်တော်တို့အတွက် မျှော်လင့်ချက်ကတော့ မကောင်း ဘူး’’ဟု ပြောသည်။

 

တရုတ်ကုန်သည်များ မြန်မာနိုင်ငံတွင် နွားမွေးမြူပြီး တင်ပို့မည့် အစီအစဉ်ကို သတိထားရန် ၎င်းကပြောသည်။ တရုတ်ကုန် သည်များက အကောင်ရေ အ နည်းငယ်သာ မွေးမြူပြီး ပြည်တွင်းဈေးသက်သာသော ဒေသများမှ နွားများကိုဝယ်ယူကာ တင်ပို့မှုများ ပြုလုပ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

 

Read More >>>>>    ပြည်ပမှ ပဲပုပ်တင်သွင်းမှုများ ရှိနေ

 

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တွင် ကျွဲ၊ နွား အပါအဝင် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပတင်ပို့မှု အလားအလာကောင်းများ ရှိ နေပြီး ယခုဘဏ္ဍာနှစ် ၁၀ လအ တွင်း ဒေါ်လာ သန်း ၃၁၀ ကျော် တင်ပို့နိုင်ခဲ့သည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလ တူထက် သန်း ၁၃၀ ကျော် ပိုများကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာ ရင်းများတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ကျွဲ၊ နွား တင်ပို့မှုသည် ၂၀၁၈ ဧပြီမှ၂၀၁၉ မတ်လကုန်အထိ အကောင်ရေ ငါးသိန်းကျော်ရှိ ကြောင်း မန္တလေးတိုင်း ကျွဲ၊ နွား တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

 


တရုတ်နိုင်ငံသို့ အစိုးရချင်း သဘောတူညီမှုဖြင့် တရားဝင် ကျွဲ၊ နွားရောင်းချရေး ညှိနှိုင်းမှု မကြာမီ အဆင်ပြေနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ တိရစ္ဆာန်ရောဂါနှင့် ပတ်သက်သော ညှိနှိုင်းမှုများ နောက်ဆုံးအဆင့် ရောက်ရှိနေ ပြီး မကြာမီ တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ ချုပ်ဆိုနိုင်မည် ဟု ၎င်းက ဆိုသည်။

 

Source: 7 day news

Read times Last modified on Wednesday, 17 July 2019 17:27
Rate this item
(0 votes)