Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီတုပ်ကွေးကြောင့် ကြက်သား၊ ဝက်သား ဈေးကျ၊ ငါးဈေးခုန်တက်

ရာသီတုပ်ကွေး(H1N1) ကျန်းမာရေးသတင်းများကြောင့် ရန်ကုန်မြို့တွင် ကြက်သား၊ ဝက်သားစားသူ နည်းလာကာ

ဈေးကျ ဆင်းလာပြီး ငါးဈေးမှာ ယခင်ထက် တစ်ပိဿာ ကျပ်သုံးထောင်မှ ကျပ်ငါးထောင်အထိ ဈေးတက်လာကြောင်း အိမ်ရှင်မများက ပြောသည်။

 

ဇူလိုင်လကုန်ကစ၍ ကြက်သားဈေးမှာ ယခင်တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ခန့် ဈေးကျပြီး ဝက်သားဈေးမှာ ယခင်ဈေးထက် သုံးထောင်ကျပ်ခန့် ကျဆင်းလာကြောင်း အိမ်ရှင်မများက ပြောသည်။

 

ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ယုဇနဈေးတွင် ဈေးဝယ်သည့် အိမ်ရှင်မ မဖြိုးဖြိုးဝေက “ ကြက်သား၊ ဝက်သားက လုံးဝကိုမစားတော့ဘူး။ ဒီရက်ပိုင်းရှောင်ဖြစ်တယ်။ ငါးဖယ်တော့ တော်တော်စားဖြစ်တယ်။ ချက်ပြီးသား ဝယ် စားတာ၊ ငါးတစ်တုံးကို ခုနစ်ရာပေးရတယ်။ ငါးဖယ်ကလည်း တစ်ဆယ်သား တစ်ထောင့်ငါးရာ အထိ ဈေးတက်သွားတယ်” ဟု ပြောသည်။

 

သာကေတ(၁)ဈေး၊ (၇)ဈေးနှင့် (၁၀)ဈေးတို့တွင်ဈေးဝယ်လေ့ရှိသူ အိမ်ရှင်မ ဒေါ်မြင့်မြင့်ခိုင် က ‘‘အရင်က မိသားစုခြောက်ယောက်စာအတွက် ခြောက်ထောင်ကျပ်သုံးရင် အခု တစ်သောင်းသုံးရတယ်။ အရင်ဈေးဖိုး ထက်လေးထောင်လောက် ပိုသုံးနေရတယ်။ H1N1 သတင်းတွေ တက်လာကတည်းက ဈေးတွေတက်နေတာ တစ်လနီးပါး လောက်ရှိနေပြီ။ ကြက်သား၊ ဝက်သားကတော့ လုံးဝကိုမစားတော့ဘူး’’ဟု ပြောသည်။

 

ကြက်နှင့်ဝက်သား အဝယ် အားနည်းသွားပြီး ငါးကို ဝယ်ယူ စားသုံးမှု များလာသဖြင့် ငါးဈေး တက်လာရာ ရပ်ကွက်ဈေးများတွင် ငါးကြင်းဖြူ လက်လီဈေး တစ်ပိဿာလျှင် ငါးထောင်ကျပ်ခန့်၊ ငါးတန်ဈေးမှာ သုံးထောင် ကျပ်ခန့်၊ ငါးစင်ရိုင်းဈေးမှာ ငါးထောင်ကျပ်ခန့်၊ ငါးကျည်းဈေးမှာ ငါးထောင်ကျပ်ခန့်၊ ငါးနီတူဈေး လေးထောင်ကျပ်ခန့် ဈေးတက်လာကြောင်း ၎င်းက ဆက်လက် ပြောသည်။

 

သို့သော် အမဲသားဈေးမတက်ဟု အိမ်ရှင်မများက ဆိုသည်။ လှည်းတန်းဈေး၌ ဝက်သားလက်လီရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ‘‘ကျန်းမာရေး သတင်းတွေ စကြားကတည်းက စိတ်ထင့်နေတာ။

 

အရောင်းအဝယ်အေးတော့မယ်ဆိုပြီး။ အရင်နှစ်က H1N1 ဖြစ်တုန်းကလည်း အရောင်းအဝယ်အရမ်း အေးသွားတယ်။ အခုလည်း ရောင်းရတာ အရင်ကရဲ့ ထက်ဝက်လောက်တောင် မရောင်းရတော့ဘူး’’ဟု ပြောသည်။

 

ထို့အပြင် ဟင်းရွက်များဈေးလည်း အနည်းငယ် တက်လာသည်ဟု ကမာရွတ်လှည်းတန်းဈေးတွင် ဈေးဝယ်လေ့ရှိသည့် မခိုင်ရည်တင့်က ဆိုသည်။

 

‘‘လှည်းတန်းဈေးက အရင်ကတည်းက ဒီပြင်ဈေးတွေထက် အစစအရာရာ ဈေးကြီးတယ်။ ငါးတွေ၊ ငါးခြောက်တွေ ဈေးတက်တဲ့အပြင် ဟင်းရွက်ဈေးတွေလည်း တက်လာတယ်။ ဒါပေမဲ့ အမဲသားဈေးကတော့ မတက်ဘူး ပုံမှန်ပဲ’’ဟု ၎င်းက ပြောသည်။

 

ကြက်ဘဲဈေးမှ ကြက်ဘဲ ဒိုင်ဦးမျိုးမင်းက ‘‘ကြက်ကို ခြံဖမ်းဈေးက တစ်ပိဿာ ၂,၀၀၀-၂,၁၀၀ လောက်ပဲရှိတော့တယ်။

 

အခု ရောင်းဈေးကတော့ တစ်ပိ ဿာ ၂,၃၀၀-၂,၄၀၀ လောက်နဲ့ ရောင်းတယ်။ ပုံမှန်ရောင်းဈေးက တစ်ပိဿာကို ၃,၅၀၀-၃,၈၀၀ အထိရှိတယ်။ ဒီနေ့ဆို တစ်ပိဿာ ၂,၀၀၀ ဈေး လောက်နဲ့ ရောင်းလိုက်ရတာတွေတောင် ရှိတယ်’’ဟုပြောသည်။

 

ကြက်သားရောင်းချသည့် လက်လီဆိုင်များသည် တစ်ပိဿာ လျှင် ၄,၀၀၀ ကျပ်နှုန်းဖြင့် ရောင်း ချနေသော်လည်း ပုံမှန်ကျပ် ၅,၀၀၀၊ ကျပ် ၆,၀၀၀ ဈေးဖြင့် ရောင်းချနေသည့် ဆိုင်အချို့လည်းရှိကြောင်း ဦးမျိုးမြင့်က ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:09
Rate this item
(1 Vote)