Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခွင့်ရပ်ဆိုင်း

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအချို့တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသဖြင့် ပြည်တွင်းသို့ ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ထားကြောင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

လက်ရှိတွင် ပြည်ပမှ ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ ပြည်တွင်းသို့ ဝင်ရောက်မှု ရပ်ဆိုင်းနေသည်ဟု ဝက်သားတင်သွင်း ရောင်းချနေသူများက ဆိုသည်။အိမ်နီးချင်းနိုင်ငံများတွင် ဝက်နှင့်ဆိုင်သည့် ရောဂါများ ဖြစ်ပေါ်လျှင် ပြည်တွင်း၌ ဝက်သားစားသုံးမှု နည်းလာခြင်း၊ ဝက်သားဈေးကျဆင်းခြင်းတို့ ဖြစ်ပွားလေ့ရှိသော်လည်း လက်ရှိအချိန်တွင် ဝက်သားဈေး တည်ငြိမ်နေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်း ဒုတိယ ဥက္ကဌဦးမောင်မောင်လေးက ပြောသည်။

 

''အခုထိတော့ အရောင်းအဝယ် ပုံမှန်ပါပဲ။ အေးခဲအသားကတော့ အစကတည်းက တင်သွင်းလာတာ မရှိတော့ပါဘူး။ မြန်မာနိုင်ငံမှာလည်း ဝက်နားရွက်ပြာရောဂါတုန်းက အတော်လေး အထိနာခဲ့တော့ အခု ဝက်တွေကို ဂရုစိုက်ဖို့ လိုအပ်လာတယ်ဆိုတာ သဘောပေါက်လာကြပါပြီ''ဟု ၎င်းက ပြောသည်။

 

Read More >>>>>  တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု လေးကြိမ်ရှိပြီဖြစ်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်သော ဒေသအချို့တွင် ရောဂါနမူနာရယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်

 

လက်လီဈေးကွက်အတွင်း ဝက်သားဈေးသည် တစ်ပိဿာလျှင် တစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေသည်။ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမဝင် အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူခြင်းနှင့် ရောင်းချခြင်းများကို တားဆီးပိတ်ပင်ရန် မတ် ၈ ရက်က သတင်းထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်များနှင့် လေဆိပ်၊ ရေဆိပ်များမှတစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူရောင်းချခြင်းများကိုလည်း မတ်လပထမပတ်က စတင်၍ယာယီပိတ်ပင်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ပြည်တွင်းရှိ ဝက်မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုကို အထူးဂရုပြုရန်၊ ဝက်ခြံများနှင့် သားငါးဈေး များတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ဆောင်ရွက်ရန် ဖော်ပြထားသည်။

 

တောဝက်နှင့် အိမ်မွေးဝက်များ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားကြရန်လည်း ဖော်ပြထားသည်။ အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ဝက်များတွင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း လူများကို ရောဂါကူးစက်နိုင်ခြင်း မရှိကြောင်း၊ ရောဂါပိုးသည် ဝက်များတွင်ကူးစက်နှုန်းမြင့်မားပြီး ကာကွယ်ဆေးနှင့် ကုသဆေးမရှိသဖြင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့က အရေးကြီးရောဂါအဖြစ် သတ်မှတ်ထားသည်။

 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါများ ဖြစ်ပွားနေပြီး တရုတ်ပြည်ရှိ ဝက်ခြံပေါင်း ၁ဝဝ ကျော်ရှိ ဝက်ကောင်ရေ တစ်သိန်းနီးပါးကို သုတ်သင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

Source: MM Time

Read times Last modified on Thursday, 14 March 2019 15:40
Rate this item
(1 Vote)