Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကင်းမွန်အ၀င်နည်း၍ ဈေးနှုန်းမြင့်တက်လာ

ရန်ကုန်မြို့ ငါးဈေးကွက်အတွင်းသို့ ကင်းမွန်အ၀င်နည်းလာသောကြောင့် ဖေဖော်ဝါရီလတွင်ပင်

ဈေးအနည်းငယ်မြင့်တက်လာကြောင်း သီရိမင်္ဂလာငါးအရောင်းအ၀ယ်လက်ကားဈေးကွက်မှ သိရပါတယ်။

 

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလကုန်ပိုင်းက ကင်းမွန်တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ ကျော်ရှိရာမှ လက်ရှိတွင် ကင်းမွန်တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ အထိ ဈေးမြင့်တက်နေကြောင်း သိရပါတယ်။

 

၂၀၁၇ ခုနှစ်ကလည်း ကင်းမွန်အ၀င်နည်းပြီး ဒီနှစ်ကတော့ အ၀င်နည်းရုံမဟုတ်ဘဲ မှာသလောက် မရဘူး ဖြစ်နေကြောင်း သိရပါတယ်။ ဒိုင်တွေကလည်း စားသောက်ဆိုင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ရောင်းချ နေကြောင်းကို အသား၊ ငါးလက်လီရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းအပြင် ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငါးဖမ်းလိုင်စင်မရရှိသေးသဖြင့် ပင်လယ်ပြင်သို့ ထွက်ရန် အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် ကင်းမွန်အ၀င်နည်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ကင်းမွန်ငါးဖမ်းဆီးခြင်းလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းဥပဒေနှင့်အညီ လှေဂရန်၊ စက်ဂရန်များ ရှိသော်လည်း ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်မရရှိကြ သေးသဖြင့် လုပ်ငန်းရပ်နားရမည့် အခြေအနေတွေ့ကြုံနေရကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

မြိတ်မြို့တွင် ဒေသခံကမ်းဝေး ငါးဖမ်းရေယာဉ် ကင်းမွန် မီးထွန်းလှေ အစီးရေ ၈၀၀ ကျော်ရှိပြီး လုပ်ငန်းလိုင်စင်ရှိသည့် ကင်းမွန်မီးထွန်းလှေ အစီးရေ ၂၀၀ ကျော် လိုင်စင်မရရှိသေးဘဲ လုပ်ငန်းလည်ပတ် နေသည့် အစီးရေ ၁၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:20
Rate this item
(7 votes)